Thursday, June 20, 2013

တက္ကသိုလ်ဝင်ခွင့် ခေါ်ယူရာတွင် အင်ဂျင်နီယာဘာသာရပ်က အမှတ်အမြင့်ဆုံး ဖြစ်လာဖွယ်ရှိ..



Thursday, June 20, 2013

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် ခေါ်ယူရာတွင် အင်ဂျင်နီယာဘာသာရပ်သာ အမှတ်အမြင့်ဆုံး ဖြစ်လာဖွယ်ရှိကြောင်း တက္ကသိုလ်ပညာ အသိုင်းအ၀ိုင်းမှ သိရသည်။ ယခင်က စက်မှုတက္ကသိုလ်ကို နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်လိုက်ပြီး နောက်ပိုင်းတက္ကသိုလ်ဝင်တန်း အမှတ်စာရင်းတွင် အင်ဂျင်နီယာဘာသာရပ်ကို ရမှတ်အမြင့်ဆုံး ၅၄၀အထိ သတ်မှတ်ထားကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းအမှတ်များတွင် ဆေးတက္ကသိုလ်က ဒုတိယအမှတ်အများ ဆုံး၊ ရေကြောင်တက္ကသိုလ်က တတိယလိုက်ပြီး ကွန်ပျူတာတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် များက အမှတ်မြှင့်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အင်ဂျင်နီယာဘာသာရပ်ကို ကျောင်းသားအများစုက စိတ်ဝင်စားလျှက်ရှိပြီး နည်းပညာတက္ကသိုလ်အတွက် ၀င်ခွင့်သတ်မှတ်ချက်များ ထုတ်ပြန်နိုင်မှုမရှိကြောင်း သိရသည်။ ယခုနှစ်ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်ဝင်ခွင့် ရမှတ်ကို ၅၄၀တိုးမြှင့်ခေါ်ယူခဲ့ပြီး နည်းပညာကောလိပ်များကို ရမှတ် ၃၂၀ အထက်ရရှိသူများကို ခေါ်ယူခဲ့ကြောင်း ရန်ကုန်တိုင်းသတင်းအရ
သိရသည်။

SkyNet TV Browser

0 comments:

Post a Comment