Monday, June 10, 2013

ကျောက်တံတားမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျ

၉.၆.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် မိုးရွာသွန်းမှုကြောင့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်)၊ အာမေးနီးယား၊ ခရစ်ယာန်ဘုရားကျောင်းရှေ့ရှိ လုံးပတ်(၆)ပေခန့်ရှိ ကုက္ကိုပင်သည် အမြစ်မှကျွတ်၍ ဗိုလ်အောင်ကျော်လမ်းပေါ်သို့ ကန့်လန့်ဖြတ် လဲကျခဲ့ရာ လမ်းတစ်ဖက်၊ ဗိုလ်တထောင်မြို့နယ် ဘက်ခြမ်းတွင် ရပ်ထားသော ယာဉ်အမှတ် ၈ဈ/၄၈၂၂ ALPHA ယာဉ်နှင့် ယာဉ်အမှတ် ၇ဃ/၆၃၉၁ ဟိုင်းလတ်ဆပ်စ်ယာဉ် (၂)စီးတို့ ၏ စက်ဖုံးများပေါ်သို့ ပိမိသဖြင့် ပိန်ချိုင့်ပျက်စီးသွားခဲ့ပါသည်။ အဆိုပါ သစ်ပင်လဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်ဌာနမှ ရှင်းလင်းခဲ့ရာ ၁၅၃၀ အချိန် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

0 comments:

Post a Comment