Tuesday, June 4, 2013

မန်းရွှေမြို့တော်ယာဉ်လိုင်းကို ၆ လပိတ်သိမ်းရန်စီစဉ်


ရန်ကုန်  ဇွန် -  ၂ ။               ။ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ သည့် မန္တလေးအခြေစိုက် မန်းရွှေ မြို့တော်ယာဉ်လိုင်းကို မန္တလေး မော်တော် ယာဉ်ကြီးကြပ်မှု အဖွဲ့ က လိုင်းခြောက်လပိတ်သိမ်းမည့် ပြစ်ဒဏ်ကို ချမှတ်မည်ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးရှိ မ ထသ(အဝေးပြေး) အသိုင်းအဝိုင်း မှသိရသည်။
မေ ၂၅ရက်က ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၁၂၅မိုင် လေးဖာလုံ၊ ပဲခူး တိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အတွင်းရှိ ဗောဓိကုန်းကျေးရွာ အနီးတွင် အဆိုးရွား ဆုံးယာဉ် တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့သည့် မန်း ရွှေမြို့တော်ယာဉ်လိုင်းကို   မန္တလေး ယာဉ်ကြီးကြပ်ရေးအဖွဲ့က လူ ၁၁ဦးသေဆုံးခဲ့သည်အထိ အပြင်း ထန်ဆုံး တိမ်းမှောက် မှုကြောင့် ယခု ကဲ့သို့ ခြောက်လ လိုင်းပိတ်သိမ်း မည့်ပြစ်ဒဏ်ကို ချမှတ်ရန်စီစဉ် ခြင်းဖြစ်နိုင်ကြောင်း မထသ(အဝေးပြေး)မှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။
ရန်ကုန်မထသ(အဝေးပြေး) ရှိ အမည်မဖော်လိုသူအရာရှိကြီး တစ်ဦးက ''အခု မန်းရွှေမြို့တော် ယာဉ်လိုင်းကို ခြောက်လလိုင်း ပိတ် သိမ်းပြစ်ဒဏ်ချမှတ်ဖို့ မန္တလေး ယာဉ်ကြီး ကြပ်ရေး  အဖွဲ့က စီစဉ်နေ တယ်လို့ သိရတယ်။ ပြစ်ဒဏ်ချ မှတ်နိုင်ရေးအတွက် ဇွန် ပထမ နှစ်ပတ်အတွင်းမှာ ပြုလုပ်မယ်လို့ သိရတယ်''ဟု ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူသံဃာတစ် ပါးအပါအဝင်၁၁ဦးရှိခဲ့ပြီး အမေ ရိကန်နိုင်ငံသားတစ်ဦးအပါအဝင် ၁၆ဦးဒဏ်ရာရရှိခဲ့သည်။ ယခု ချမှတ်မည့် ယာဉ်လိုင်း ပိတ်သိမ်းမှု ပြစ်ဒဏ်သတင်းနှင့် ပတ်သက်ပြီး မန်းရွှေမြို့တော် ယာဉ်လိုင်း တာဝန်ရှိသူ ဦးထွန်း လင်းကို ဆက်သွယ်မေးမြန်းရန် ကြိုးစား ခဲ့သော် လည်း ဆက် သွယ်၍ မရခဲ့ပါ။

0 comments:

Post a Comment