တစ်ချိန်တုန်းကပေါ့ ထုံးဖြူဖြူဖွေးနေတဲ့ စေတီကလေးတစ်ဆူရှိတယ် ။ဘိုးဘွားတွေရဲ့ကြည်ညိုကိုးကွယ် ဦးခိုက်ခဲ့ရာ အင်မတန် သပ္ပါယ် လှတဲ့ စေတီဖွေးဖွေးလေးပေါ့။ တစ်နေ့မှာညောင်စေ့လေး တစ်စေ့ဟာ လေလွင့်ရာကနေ ခိုကိုးရာမဲ့နဲ့ ထုံးဖြူဖြူဖွေး စေတီလေးမှာလာကပ်နေတာပေါ့ ။
အားလုံးကလည်း အမှတ်တမဲ့နဲ့ပေါ့ ။သတိမထားမိဘူး ။တော်တော်ကြာလာတော့ အပင်ငယ်လေးဖြစ်လာတယ် ။ဒါလည်းပဲ အမှတ်တမဲ့ပဲ နေတုန်းပါပဲ ။အပင်လေးက ငယ်သေးတာကိုး ။ နောက်တော့ နည်းနည်းလေးကြီးလာတယ် ။
ဒီတော့ အတွေ့အကြုံအမျှော်အမြင်ရှိတဲ့သူတွေက ခုတ်ဖို့အကြံပေးတယ် ။ နုတ်ဖို့အကြံပေးတယ် ။ဒါပေမယ့် ဒီအချိန်မှာ လုပ်နိုင်ကိုင်နိုင်တဲ့အစွမ်းရှိသူတွေက ဒါဟာဘာမှမဟုတ်ပါဘူး ။
ကိစ္စမရှိပါဘူး ။ ဒီလိုပဲ ဖြစ်တတ်ပါတယ် ပေါ့။ စေတီနဲ့ညောင်ပင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးပေါ့ ။ လူ့အခွင့်ရေးဆိုပြီး ညောင်ပင်မှာလည်း အခွင့်အရေးရှိတယ်ပေါ့
။အော်ကြဟစ်ကြ ငြင်းကြခုန်ကြနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်ခင်မှာပဲ ညောင်ပင်ကို အခွင့်အရေး ပေးမိသလိုဖြစ်သွားခဲ့ ရတော့တယ်။နှစ်အနည်းငယ်အတွင်းမှာပဲ တစ်ချိန်တုန်းက အင်မတန်သပ္ပါယ် လှတဲ့ ထုံးဖြူဖြူဖွေး စေတီလေးဟာ နှစ်အနည်းငယ်အတွင်း ညောင်ပင်ရဲ့ ဝါးမျို သိမ်းပိုက်ခြင်းကို ခံလိုက်ရပါပြီ။မညီညွတ်ခြင်း ။
အမျှော်အမြင်နည်းခြင်း ။ တန်ဘိုးကို နားမလည်ခြင်း ။ ပေါ့ပေါ့ဆဆနေ တတ်ခြင်း ။သတိ သံဝေဂ ယူနိုင်ကြပါစေ ။
Aung Aung

0 comments:
Post a Comment