Thursday, June 20, 2013

ဘေးလ်ကို ယူရိုသန်း(၁၀၀) ဈေးပေး ဝယ်ယူပါက ရူးမိုက်မှုသာ ဖြစ်မည်ဟု ဖာဘရီဂက်စ် ဝေဖန်

20-6-2013

ဂါရတ်သ်ဘေးလ် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) သုံးမည် ဆိုပါက ရူးမိုက်သော လုပ်ရပ်မျိုး ဖြစ်လိမ့်မည်ဟု ဆက်စ်ဖာဘရီဂက်စ်က ဝေဖန်လိုက်သည်။

ဘာစီလိုနာ ကွင်းလယ် ကစားသမားက ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ် အနေဖြင့် တော့တင်ဟမ် ဟော့စပါး တောင်ပံ ကစားသမား အတွက် ပေါင် စတာလင် (၈၅)သန်း [ယူရို သန်း(၁၀၀)]ထိ သုံးစွဲကာ ဝယ်ယူနိုင်ဖွယ် ရှိေ နကြောင်း သတင်းများ အပေါ် ယခုလို မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။ စပိန် လက်ရွေးစင် ဖာဘရီဂက်စ်က ဝေလသား ဘေးလ်သည် ကစားသမားကောင်း တစ်ဦး ဖြစ်သော်လည်း ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် ခေါ်ယူရလောက်အောင် ထိုက်တန်မှု မရှိသေးကြောင်း ဆိုသည်။ လက်ရှိ ကမ္ဘာ့စံချိန်တင် ဈေးနှုန်းမှာ ရီးယဲလ်က မန်ချက်စတာ ယူနိုက်တက်ထံမှ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူစဉ် ပေးချေခဲ့ရသည့် ပေါင်စတာလင် သန်း(၈၀) ဖြစ်သည်။

AS နှင့် အင်တာဗျူးတွင် ဖာဘရီဂက်စ်က "ဘေးလ် အတွက် ယူရိုသန်း(၁၀၀) သုံးပစ်မယ်ဆိုရင် ကျွန်တော့် အမြင်တော့ ရူးလို့ပဲ။ ဒီနေ့ခေတ် စီးပွားရေး အခြေ အနေမှာ ဒီငွေကြေးမျိုးကို ကလပ် အသင်း ဘယ်နှခုလောက်က သုံးနိုင်မယ် ဆိုတာ ကျွန်တော် မပြောတတ်ဘူး။ ဘေးလ်ဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်တွေလည်း ရှိတယ်။ သူ့ကို ရီးယဲလ်က ပြောထားတဲ့ အတိုင်း ခေါ်မခေါ် ဆိုတာတော့ စောင့်ကြည့်ရုံပေါ့" ဟု ပြောကြား သွားခဲ့သည်။ ဖာဘရီဂက်စ်က အာဆင် နယ်နှင့် အတူ ကျင်လည်ဖူးသည့် ပရီးမီးယား လိဂ်သို့ ပြန်သွားမည် ဆိုခြင်း ကိုလည်း ငြင်းဆန်ခဲ့သည်။

"လူတွေက မျိုးစုံ ပြောနေတာပါပဲ။ ကျွန်တော့်ကို ဘယ်အသင်းကမှ ကမ်း လှမ်းထားတာ မရှိပါဘူး။ ကျွန်တော်ကလည်း ဘာစီလိုနာမှာပဲ အောင်မြင်မှု ရချင်တယ်။ ဒီအသင်းဟာ ကျွန်တော့်ရဲ့အိမ်ပါ။ ဒီမှာကစားဖို့ အမြဲတမ်း ကျွန်ေ တာ် အိပ်မက်နေခဲ့တာ။ ဒါကြောင့် ဒီမှာ ကြာနိုင်သမျှ ကြာကြာ ဖြတ် သန်းပြီး အောင်မြင်မှုတွေ ရယူဖို့ပဲ ကျွန်တော် ကြိုးစားပါမယ်" ဟု ဖာဘရီဂက်စ်က ဆိုသည်။ ၎င်းက ဘာစီလိုနာ တိုက်စစ်မှူးသည် နေမာကိုလည်း ကူညီသွား မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ "နေမာက လုံးဝ ကွဲပြားတဲ့ ကစားဟန်နဲ့ အသား ကျနေရာကနေ ဘာစီလိုနာကို ရောက်လာတာပါ။ ကျွန်တော်တို့ သူ့ကို ကူညီဖို့ လိုပါတယ်။ ဒါမှလည်း သူပိုတိုးတက်လာမှာ ဖြစ်ပါတယ်။ လူတွေက ကျွန်တော်တို့ကြားမှာ အားပြိုင်မှုတွေ ရှိမယ်လို့ ပြောကြတယ်။ တကယ်တော့ ဘာစီလိုနာမှာ အတ္တဆိုတာ လုံးဝ ထိန်းချုပ် ထားတဲ့ အရာပါ။ လီယွန်နယ်လ် မက်ဆီဟာ Ballon d'Orကို (၄)ကြိမ် ဆွတ်ခူးခဲ့တယ်။ သူဟာ အမြဲတမ်း ကမ္ဘာ့အကောင်းဆုံး အဆင့် ကစားသမား တစ်ယောက်အဖြစ် ထည်ဝါနေ မယ့်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ မနက်တိုင်း လေ့ကျင့်ရေး ကွင်းမှာ သူ့ကိုမြင်ရင် ဒီလို ပုံရိပ်မျိုး လုံးဝ မရှိဘူးလေ" ဟု ဖာဘရီဂက်စ်က ပြောဆိုသွားသည်။
Ref: Goal

ZinYawNews

0 comments:

Post a Comment