Sunday, June 16, 2013
ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန် မြို့နယ် ရွာမ အရှေ့ရပ်ကွက် ဓမ္မာရုံ လမ်းသွယ်(၁)တွင် ယနေ့ ညနေ ၄ နာရီ ၅၅ မိနစ်က နေအိမ် လေးလုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် ၉၅ နှစ် အရွယ် အဘွားအို တစ်ဦး မီးလောင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ် (၅၇၉)နေ ဦးဖိုးချို (ဘ)ဦးကျော်ဖိုး၏ နေအိမ် အပေါ်ထပ် ဧည့်ခန်းတွင် ထားရှိသော အင်ဗာတာ မှာ အပူ လွန်ကဲပြီး မီးစတင် လောင်ကျွမ်း ခဲ့ရာ နေအိမ်၌ ဒေါ်ကျင်မေ အသက် ၉၅ နှစ်အရွယ် အဘွားအို တစ်ဦးသာ ရှိပြီး အိမ်သားများမှာ အပြင်သို့ ရောက်ရှိ နေသဖြင့် အနီးရှိ နေအိမ်များသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုး၊ အင်းစိန်မြို့နယ် မီးသတ်ဦးစီး မှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရန် အင်အား ၁၄ဝ ဦးနှင့် ရပ်ကွက်နေ ပြည်သူများ၊ မီးသတ်ရေသယ် ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ကွပ်ကဲယာဉ် လေးစီး၊ မီးသတ်စက်ယာဉ် ၁၉ စီးတို့ ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ ညနေ ၅ နာရီခွဲတွင် မီးငြိမ်း သွားခဲ့ သည်။
မီးလောင်မှုကြောင့် နေအိမ် အတွင်းရှိ အဘွားအိုမှာ ကျောကုန်းနှင့် ခြေ ထောက် မီးလောင် ဒဏ်ရာရရှိပြီး အင်းစိန်ပြည်သူ့ ဆေးရုံတွင် ပြင်ပလူနာ အဖြစ် ကုသမှု ခံယူလျက် ရှိပြီး မီးလောင်မှုကြောင့် စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၅ သိန်းခန့် ဆုံးရှုံးခဲ့သည်။
ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဦးဖိုးချို (ဘ) ဦးကျော်ဖိုးအား ပ/၆၄၄/၂ဝ၁၃ ဖြင့် အမှုဖွင့်၍ ပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်ကြောင်း သတင်းရရှိ သည်။
မြ၀တီ

0 comments:
Post a Comment