Monday, June 10, 2013

“ဓာတ်ဆီအင်ဂျင်မဟုတ်သည့် ကမ္ဘာ့ပထမဆုံး ပြိုင်ကား တီထွင်လျှက်ရှိ”

Monday, June 10, 2013


ကမ္ဘာပေါ်တွင် ဓာတ်ဆီအင်ဂျင် မဟုတ်သည့် ပထမဆုံး ပြိုင်ကား တစ်မျိုးကို တီထွင် ဖန်တီးလျှက် ရှိနေကြောင်း သိရှိရသည်။ GreenGT H2ဟု အမည်ပေးထားသည့် မျိုးစပ်နည်းပညာသုံး ပြိုင်ကားသည် Le Mans 24 Hour ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

(၂၄)နာရီပတ်လုံး မရပ်မနား မောင်းနှင်ရသည့် အဆိုပါ ပြိုင်ပွဲတွင် ဟိုက်ဒရိုဂျင်ဆဲလ် လောင်စာကို အသုံးပြုသည့် ပြိုင်ကားတစ်စင်းအဖြစ် Green GTက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည့် သဘောဖြစ်သည်။

အဆိုပါ ပြိုင်ကားသည် ဟိုက်ဒရိုဂျင် လောင်စာကို လျှပ်စစ်စွမ်းအင် ထုတ်ရန် သုံးစွဲပြီး အားကောင်းသော ကားအင်ဂျင်ကို ထောက်ပံ့အောင် တီထွင်ထားသည်။ ပြိုင်ကားသည် တစ်နာရီ မိုင်(၂၀၀)နှုန်းထိ အမြန်ဆုံး မောင်းနှင်နိုင်စွမ်း ရှိနေသည်။

Planet Myanmar Network

0 comments:

Post a Comment