Monday, June 10, 2013

ပြည်တွင်း ရွှေ အဖွင့်ဈေး ထပ်ကျနိုင်

  ရန်ကုန်၊ ဇွန် ၉

ပြည်တွင်း ရွှေဈေးသည် စနေနေ့ အပိတ်ဈေး ကျသွားသောကြောင့် ဈေးကွက် အဖွင့်တွင် ဆက်လက် ကျဆင်း နိုင်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ် သိသာစွာ ကျဆင်းလျက် ရှိကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း ဦးအေးချိုက The Voice သို့ ပြောကြားသည်။

ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၈၀ ဒေါ်လာ ဝန်းကျင်တွင် ရှိပြီး အဖွင့်ဈေး လေး ဒေါ်လာမှ ငါးဒေါ်လာခန့် ထပ်တက်သည့် အခြေအနေ ရောက်ရှိသည့်တိုင် ပြည်တွင်း ရွှေဈေး တက်ရန် မလွယ်ဘဲ ထပ်ကျနိုင်သော အခြေအနေ ရှိကြောင်း ၎င်းကပြောဆိုသည်။

အမေရိကန် ဒေါ်လာဈေး တည်ငြိမ်နေသောကြောင့် ကမ္ဘာ့ ရွှေဈေး တက်လာလျှင်ပင် ပြည်တွင်း ရွှေဈေး ဆက်လက် ကျဆင်းနိုင်ကြောင်း ရွှေဘုံသာလမ်းရှိ ရွှေ လက်ကား ကုန်သည်ကြီး တစ်ဦးက ဆိုသည်။

ဇွန်လ ၇ ရက် သောကြာနေ့ က ပြည်တွင်း ရွှေ တစ်ကျပ်သားလျှင် ၇၁၁,၀၀၀ ကျပ်နှင့် ကမ္ဘာ့ ရွှေ တစ်အောင်စလျှင် ၁၄၀၇ ဒေါ်လာ ဝန်းကျင် ဖြစ်ပြီး ဇွန်လ ၈ ရက် စနေနေ့ ဈေးကွက် အပိတ်တွင် အခေါက်ရွှေ တစ်ကျပ်သား ၇၀၉,၀၀၀ ကျပ်၊ ကမ္ဘာ့ ရွှေဈေး တစ်အောင်စ ၁၃၈၀ ဒေါ်လာ ဝန်းကျင်ထိ တစ်ရက်အတွင်း ကမ္ဘာ့ ရွှေဈေး တစ်အောင်စ ဒေါ်လာသုံးဆယ် နီးပါး ထိုးကျသွားခြင်း ဖြစ်ကြောင်း ကမ္ဘာ့ ရွှေဈေးမှာ ဧပြီလ နှောင်းပိုင်း ကတည်းက အတက်အကျ ကြမ်းလျက် ရှိကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment