Tuesday, June 11, 2013

“လေးစားဂုဏ်ယူဖွယ်ပြည်သူ့ ဂီတပညာရှင် ကိုရဲလွင်”

မြန်မာပြည်တွင်တေးဂီတတီးဝိုင်းတွေအများအပြားပေါ်ထွန်းခဲ့တဲ့အထဲပြည်သူအများလေးစားချစ်ခင်မူအရရှိဆုံးတေးဂီတတီးဝိုင်းမှာ
မဇ္ဈိမလှိုင်းလို့ တစ်ညီတည်းဆိုကြသလိုခေတ်ပေါ်ဂီတသမားတွေ ကိုယ်တိုင်ကလည်းလေးစား ချစ်ခင်ဆုံးဂီတသမားတွေ ကိုပြောပါဆိုရင်မဇ္ဈိမလှိုင်းကဂီတပညာရှင်တွေကိုသာလက်ညှိုးညွှန်ပြတက်ကြပါတယ်။
လေးစားထိုက်တဲ့အကြောင်းရင်းခံတွေရှိတဲ့မဇ္ဈိမလှိုင်းတေးဂီတရဲ့ ဂုဏ်ယူဖွယ်ပြည်သူ့ ဂီတပညာရှင် တစ်ဦးကတော့ကိုရဲလွင်ပါပဲ။သူဟာပန်းရဲ့ လမ်း
လို့ အမည်ရတဲ့ဂီတလှူတ်ရှားမူကိုဦးဆောင်နေသူတစ်ဦးဖြစ်သလို
နာရေးကူညီမူအသင်း(ရန်ကုန်)ရဲ့ ဂုဏ်ထူးဆောင်အသင်းသားလည်းဖြစ်ပါတယ်။သူဟာ ဇွန်လ ၁၀ ရက်နေ့ (တနင်္လာနေ့ )ကရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာကျင်းပ ပြုလုပ် တဲ့ပြည်ပရောက်မြန်မာ မိသားစုများရဲ့ ပြည်သူ့ဂုဏ်ရည်အသင်းမှ ချီးမြှင့်တဲ့
စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ သောက်ရေသန့်နည်းပညာ ဖြန့်ဝေသူ ဦးသန်းနိုင် တို့ နဲ့ အတူရရှိခဲ့ပါတယ်။ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကရရှိခဲ့သလို ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်အဖြစ်
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလူမှုကွန်ရက် လှုပ်ရှားမှုများမှ ဦးရဲလွင်(မဇ္ဈိမလှိုင်း)ရရှိခြင်းအပေါ်POPULARဂျာနယ်ကအထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။

0 comments:

Post a Comment