Thursday, June 20, 2013

နားထောင်ခြင်း အနုပညာ

တခါက ပညာရှိ ဆာဒီဟာ တပည့်တဦးနဲ့အတူ လမ်းလျှောက်ထွက်လာရင်း လမ်းတနေရာမှာ မြည်းတကောင်ကို ရွေ့အောင်လုပ်နေတဲ့ လူတယောက်ကို တွေ့တယ်။ မြည်းက နည်းနည်းလေးမှ မလှုပ်တဲ့အခါ အဲဒီလူဟာ သူတွေးတောမိသမျှ အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံး စကားလုံးတွေနဲ့ မြည်းကို ဆဲဆိုတော့တယ်။ အဲဒါကို မြင်တော့ ဆာဒီကပြောတယ်။

ဟေ့လူ မိုက်မဲလှချည်လား။ မြည်းဟာ ဘယ်တုန်းက မင်းဘာသာစကားကို သင်ယူဖူးလို့လဲ။ စိတ်ကို ငြိမ်အောင်ထားပြီး သူ့ဘာသာစကားကို မင်းသင်ယူတာက ပိုကောင်းလိမ့်မယ် တဲ့။

အဲ့သလိုပြောပြီး လမ်းဆက်လျှောက်လာခဲ့တယ်။ သူက တပည့်လုပ်သူကို မှတ်သားစရာ သင်ခန်းစာပေးတယ်။

မြည်းတကောင်နဲ့ မင်း အငြင်းအခုံဖြစ်တော့မယ်ဆိုရင် အခုန မင်းကိုယ်တိုင်မြင်လိုက်ရတဲ့ မြင်ကွင်းကို အမြဲတမ်းအမှတ်ရပါ တဲ့။

0 comments:

Post a Comment