၂.၆.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ဒဂုံမြို့နယ်နေသူ စည်သူလွင်၊ (ဘ)ဦးတင်မြင့် သည် သူငယ်ချင်း များဖြင့် လမ်းမတော်မြို့နယ်မှ MTP ဆောက်လုပ်ရေးကုမ္ပဏီပိုင်ယာဉ်အမှတ် ၈င/၈၂၈၉ တောင်းအေ့စ် ယာဉ်ဖြင့် နေအိမ်သို့ပြန်လာခဲ့ပြီး နေအိမ်ရှေ့၌ ကားရပ်ကာ ကားရှေ့ခေါင်းခန်း အလယ်ခုံနောက်ကျော၌ ငွေ(၁၀)သိန်း ကျပ်နှင့် သူငယ်ချင်းဖြစ်သူအောင်သူမိုး၏နိုင်ငံသား စိစစ်ရေးကဒ်၊ ကျောင်းသားကဒ်နှင့် ငွေ(၃)သောင်းထည့် ထားသည့် အနက်ရောင်ကျောပိုးအိတ်(၁)လုံး၊ စာရွက်စာတမ်းများထည့်ထားသည့် ဖိုင်(၁)ခုတို့အားကားအတွင်းထား၍သော့ပိတ်ကာ သူငယ်ချင်းများနှင့်အတူ နေအိမ်ပေါ် တက်ရောက်ပြီးမိနစ် ၂၀ ခန့် အကြာ ပြန်ဆင်းလာစဉ် ကားတံခါးသော့ပွင့်လျက် ကားမှန်မှာ ကွဲနေသည်ကိုတွေ့ရှိရပြီး အဆိုပါငွေနှင့်ပစ္စည်းများ ပျောက်ဆုံး နေသဖြင့်တိုင်တန်းခဲ့၍ ဒဂုံမြို့မရဲစခန်းမှ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
yangonpolice
yangonpolice
0 comments:
Post a Comment