Monday, June 3, 2013

ချမ်းသာလိုသော်

တစ်နေ့ သောအခါတွင်... ကျွန်ုပ်သည် ကျွန်ုပ်နှင့်လွန်စွာ ရင်းနှီးခင်မင်ရသော မိတ်ဆွေတစ်ဦးနှင့် အတူ သာကေတ မြို့ နယ် ဇိနမာရ်အောင် စေတီတော် အနီးရှိ ရွှေနံသာကျောင်း တိုက်သို့ ရောက်ခဲ့ရပေသည်။ရွှေနံသာကျောင်းတိုက်တွင် အလှူလုပ်ခြင်းဖြစ် သည်။ကျွန်ုပ်နှင့် ကျွန်ုပ်၏မိတ်ဆွေတို့ သည် အလှူထမင်း ၊ ဟင်းတို့ ကိုစားသောက်ပြီးသောအခါ အချိုပွဲနှင့် ရေနွေးတို့ ကို သောက်၍နေပေသည်။ထိုအချိန်မှာပင် အသက်(၅၀) ခန့်အရွယ်ရှိသည့် ဥပဓိရုပ်ကောင်းကောင်းနှင့် ဦးပဉ္ဇင်းတစ်ပါရှေ့ တွင်လာ၍ထိုင်လေသည်။ ကျွန်ုပ်၏ မိတ်ဆွေက..."ဒါ ကျောင်းထိုင်ဆရာတော် မဟုတ်ဘူး။ဆရာတော်ဖိတ်ထားလို့ ကြွလာတဲ့ ဧည့်သည်ကိုယ်တော်ပဲဖြစ်လိမ့်မယ်။"ထိုဧည့်သည်ကိုယ်တော်သည် ရှိနေနှင့်သော ဒကာ ၊ဒကာမ နှင့် ရင်းနှီးပုံမရပေ။အတန်ကြာမှ ဧည့် သည်ကိုယ်တော်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး "အဟမ်း ... ဒီမှာရှိနေရောက်နေတဲ့ ဒကာ ၊ဒကာမတွေကို ဦးပဉ္ဇင်းတစ်ခုလောက်မေး ပါရစေ"
"မေးပါဘုရား"
"ဒကာ ၊ ဒကာမတို့ ကြီးပွားချမ်းသာချင်ကြသလား"
ထိုမေးခွန်း၏အဆုံးတွင် ဒကာ ၊ဒကာမအပေါင်းတို့ က တစ်ညီတစ်ညာတည်း...
"ကြီးပွားချမ်းသာကြပါတယ်ဘုရား"
"အေး ဒါဆိုရင် အမြန်ဆုံးကြီးပွားချမ်းသာနိုင်မယ့် နည်းလမ်းကို ဦးပဉ္ဇင်းပေးခဲ့မယ် ။သေသေချာချာမှတ်ထားကြ"


"ပထမဆုံးလုပ်ရမယ့် အလုပ်က နေ့ စဉ် နံနက်နဲ့ ညအချိန်မှာ ပဌာန်းဒေသနာတော် (အကျယ်) (ပါဋိအနက်)အပြည့်အစုံကို နံနက်တစ် ကြိမ်၊ ညတစ်ကြိမ် မှန်မှန်ရွတ်ဖတ်ရမယ်"


ပဌာန်းအကျယ် ကို နံနက်တစ်ကြိမ် ၊ညတစ်ကြိမ် ရွတ်ဖတ်ရမည်ဆိုသဖြင့် ချမ်းသာကြီးပွားချင်သူများ ရှုံ မဲ့သွားကြသည်။ ဧည့်သည်ကိုယ်တော်က ဆက်၍ မိန့်သည်။
"နောက်ပြီးတော့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ဆွမ်းလောင်းပေးရမယ်"


အလွယ်ကြိုက်သူ ဒကာ ၊ ဒကာမများက ပေါ့ပါးသွက်လက်စွာဖြင့်
'လောင်းနိုင်ပါတယ်ဘုရား"
"အေး ... ပဌာန်းရွတ်မယ့်လူဟာ ဖြစ်နိုင်ရင် သားသက်လွတ်စားနိုင်ဖို့ လိုတယ်။ငါးပါးသီလ လုံရလိမ့်မယ်။ဦးပဉ္ဇင်းပြောတဲ့အတိုင်းသာ မှန်မှန်လုပ်ကိုင် ဆောင်ရွက်သွားပါ။အမြန်ဆုံးအောင်မြင် ၊တိုးတက် ၊ ကြီးပွား ၊ ချမ်းသာလာပါလိမ့်မယ် "


"တင်ပါ့ဘုရား"
ဧည့်သည်ကိုယ်တော် မိန့် မှာခဲ့သောစကားများမှာ ကျွန်ုပ်၏ရင်ထဲတွင် စွဲငြိ၍ကျန်ရစ်ခဲ့ပေသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ကြီးပွားချမ်းသာ လိုပေသည်။သို့ သော် ကျွန်ုပ်မှာ ဧည့်သည်ကိုယ်တော် မိန့် မှာသည့်အတိုင်း တိကျစွာ ၊ လိုက်နာ ဆောင်ရွက်ခဲ့ခြင်းမရှိပေ။


× × ×


နောက်ပိုင်းတွင်...
ဧည့်သည် ကိုယ်တော်၏ ဘွဲ့ အမည်မှာ ဦးသူရိယဖြစ်ပြီး အာလိန်ငါးဆင့်ရှိ ကျောင်းတိုက်တစ်တိုက်တွင် သီတင်းသုံးသည်ဟုသိရလေ သည်။ ဦးသူရိယ သည် ရွှေနံသာ ကျောင်းဆရာတော် ၏ညီဝမ်းကွဲတော်စပ်သူဖြစ်ပြီး ရွှေနံသာကျောင်းတိုက်သို့ မကြာခဏ လာရောက် လေ့ရှိသည်။ကျွန်ုပ်သည်လည်း ရွှေနံသာ ကျောင်းသို့  မကြာခဏရောက်ရှိသဖြင့် ဦးပဉ္ဇင်း ဦးသူရိယနှင့် ပို၍ ရင်းနှီးခင်မင်ခဲ့ရပေသည်။
တစ်နေ့ သဋ်...ကျွန်ုပ် ရွှေနံသာကျောင်းတိုက်သို့ အရောက် ဦးပဉ္ဇင်း ဦးသူရိယနှင့် တွေ့ ဆုံမိသည်။ကျွန်ုပ်ကိုမြင်လျှင် ဦးသူရိယက...
"ဟေ့ ... ဒကာ ၊ခဏလာဦး ဦးဇင်းပြောစရာလေးတွေရှိလို့ "
"တင်ပါ့ဘုရား"
ကျွန်ုပ်လည်း ဦးပဉ္ဇင်း ဦးသူရိယအပါးသို့ သွားရောက်လေသည်။
"ဒီလို ဒကာရဲ့ လွန်ခဲ့တဲ့ (၅)လကျော်တုန်းက ရွှေနံသာကျောင်းတိုက်မှာဘဲ ဒကာ ၊ဒကာမ အနည်းအပါးကို အမြန်ဆုံးကြီးပွားချမ်းသာ စေမယ့် နည်းလမ်းကိုပေးခဲ့မိတယ်။ဒကာကြီး မှတ်မိလား"
"မှတ်မိပါတယ်ဘုရား"
"အဲဒီ ဒကာတွေထဲက တစ်ယောက်ဟာ ဦးပဉ္ဇင်းနဲ့ ရင်းရင်းနှီးနှီးသိတယ်။တစ်နေ့ တော့ အဲဒီဒကာနဲ့ ဦးပဉ္ဇင်း ရွှေတိဂုံ ရင်ပြင်တော်ပေါ် မှာ အမှတ်မထင်ဆုံမိကြတယ်။အဲဒီဒကာက ဦးပဉ္ဇင်းကို နေ့ ဆွမ်း ၊ ဆွမ်းစားပင့်တယ်။ဦးပဉ္ဇင်းရဲ့  ကျောင်းကို (၁၀) နာရီလောက်မှာ ကား အကြိုလွှတ်လိုက်ပါ့မယ်လို့ လည်းပြောလိုက်တယ်။ကျုပ်ကလည်း ဘာမှမပြောဘဲ နေလိုက်တယ်။ နောက်နေ့  မနက် (၁၀)နာရီမှာ လင် ခရူဇာကားတစ်စီး ကျုပ်ကိုလာကြိုတာဆိုပြီးရောက်လာတယ်။သံဃာတော် (၄)ပါးနဲ့ အတူ ကြွသွားခဲ့တယ်။ကျုပ်ကိုလာပင့်တဲ့ ဒကာအ ကြောင်းကို ကျုပ်ကောင်းကောင်းသိတာပေါ့ ။သူတို့ မိသားစုက အတော့်ကိုဆင်းရဲချို့ တဲ့တယ်။ အဲဒီဒကာရဲ့ အိမ်ကို ကျုပ်ရောက်ရော ၊ ကျုပ်မယုံနိုင်အောင်ဖြစ်သွားမိတယ်။တိုက်ခံအိမ်ကြီးက ဟီးနေတာပဲ။ တစ်အိမ်လုံးလည်း ဖိတ်ဖိတ်လက်နေတာပဲ။သူ့ ရဲ့ မိန်းမဒကာမကြီး နဲ့ သားသမီးတွေမှာ လည်း ရွှေတွဲလွဲ ၊ ငွေတွဲလွဲဖြစ်နေတယ်။ငါ့ဒကာကြီး တော်တော်ကြီးပွားချမ်းသာနေပါလား။လေး၊ငါးလဆိုတဲ့အချိန်
ဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ကောင်းကောင်းပြောင်းလဲစေနိုင်ပါလားလို့ တွေးမိတယ်။ကျုပ်လည်း တရားပေး ၊ ဆွမ်းစားပြီးတော့ အဲဒီ ဒကာကို ခပ်တိုးတိုးမေးကြည့်တယ်။"ဒကာကြီး အခြေအနေ အတော်တိုးတက်ပြောင်း လဲသွားပါလား" လို့ မေးလိုက်တယ်။ အဲဒီတော့မှ
အဲဒီဒကာက လက်အုပ်ချီရှိခိုးကန်တော့ပြီး....
"အရှင်ဘုရားရဲ့  ကျေးဇူးကြောင့်ပါဘုရား"
"ဟဲ့...ဒကာ ငါက ဘာတွေကူညီထောက်ပံ့ခဲ့လို့ လဲ"
"အရှင်ဘုရားက အမြန်ဆုံးကြီးပွားတိုးတက်ချမ်းသာစေမယ့် နည်းကိုပေးခဲ့လိုပါဘုရား။ ဆရာတော်ပေးတဲ့ နည်းအတိုင်း တပည့်တော် လိုက် နာခဲ့ပါတယ်ဘုရား။လပိုင်းအတွင်းမှာဘဲ အလုပ်အကိုင်တွေ သိသိသာသာ တိုးတက်အောင်မြင်လာခဲ့လို့  တပည့်တော်အခြေအနေ အတော်  လေးကောင်းလာခဲ့ပါတယ်။ ဒီလို ကောင်းလာခဲကလည်း ဦးပဉ္ဇင်းညွှန်ပြတဲ့နည်းလမ်းကြောင့်လိုပဲ စွဲမြဲယုံကြည်ထားပါတယ်"

အမြန်ဆုံး ကြီးပွားတိုးတက်ချမ်းသာစေသောနည်း

၁။ ပဌာန်း (ပါဋိ / အနက်) အကျယ် (အပြည့်အစုံ)
ကို နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ရွတ်ပါ။
၂။ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် ဆွမ်းလောင်းလှူပါ။
၃။ သားသက်လွတ်စားပါ။
၎။ ငါးပါးသီလလုံအောင်စောင့်ထိန်းပါ။

ဦးပဉ္ဇင်းသူရိယက ....

"အဲဒါပါပဲဒကာရယ် ၊ ကျုပ်ပြောတဲ့နည်းကိုသာ သေသေချာချာ မပျက်မကွက်လုပ်ခဲ့ရင် အောင်မြင်တိုးတက် ၊ ကြီးပွားချမ်းသာမှာအမှန်ပဲ"

ကျွန်ုပ်မှာမူ ဦးပဉ္ဇင်းသူရိယ၏ မိန့် ကြားချက်များကို အထူးပင်အလေးအနက် ထားမိပါတယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း ကြိုးစား၍ ဆောင်ရွက် သွားမည်ဟုပင် ဆုံးဖြတ်ချက်ချလိုက်မိသည်။


လေးစားလျက်...
စွမ်း (စကာၤပူ)

0 comments:

Post a Comment