၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသူများအတွက် LCCI စာရင်း ကိုင်ပညာ ပညာသင်ဆု များ ပေးအပ် သွားမည်ဖြစ်ကြောင်း USA(U San Aung) Commercial School ထံမှ သိရှိရသည်။
ပညာသင်ဆု အစီအစဉ် အနေနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၂၀၁၃ တွင် ဂုဏ်ထူး ငါးဘာသာနှင့် အထက် ရရှိသူများအတွက် ရာနှုန်းပြည့် သင်တန်းကြေး ကင်းလွတ်ခွင့်၊ လေးဘာသာ ဂုဏ်ထူးရှင်များ အတွက် သင်တန်းကြေး ၅၀ ရာခိုင်နှုန်း၊ သုံးဘာသာ ဂုဏ်ထူးရှင်များအတွက် သင်တန်းကြေး ၄၀ ရာခိုင် နှုန်း၊ နှစ်ဘာသာနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်များ အတွက် သင်တန်းကြေး ၂၀ ရာခိုင်နှုန်း လျှော့ပေါ့ပေး သွားမည်ဖြစ်သည်။
LCCI စာရင်းကိုင်ပညာ (Level 1 နှင့် Level 2 ) စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ပါက Level 3 ဒီပလိုမာ သင်တန်း ဆက်လက် တက်ရောက်ရန် သင်တန်းကြေး ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက အမှတ် ၂၁၀၊ ၃၇ လမ်း(အထက်) ကျောက်တံ တားမြို့နယ်၊ ရန်ကုန်မြို့ ၊တယ်လီဖုန်း ၃၉၁၁၅၇၊ ၂၉၁၃၂၉ နှင့် ၀၉-၈၆၃၆၉၁၅ တို့သို့ တိုက်ရိုက် မေးမြန်း နိုင်ကြောင်း ယင်းသင်တန်းထံမှ သိရှိရသည်။
The Voice Weekly
0 comments:
Post a Comment