Tuesday, June 11, 2013

ကဘူးလ်လေဆိပ် အနီးရှိ အဆောက်အအုံ တစ်ခုအား တာလီဘန်များ အသေခံ ဗုံးခွဲ၍ သိမ်းပိုက်

အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ် လေဆိပ် အနောက်ဘက် ကွာဆာဘာလမ်းရှိ အဆောက်အအုံ တစ်ခုအား တာလီဘန်များက ဇွန် ၁ဝ ရက် နံနက် ၄ နာရီခွဲတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်၍ သိမ်းပိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။ ဗုံးခွဲတိုက်ခိုက် ခံရသည့် ယင်းနေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အဝင်အထွက် ပိတ်ထားပြီး အခြေအနေကို  စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကဘူးလ်လေဆိပ် အနီးမှ  ကျယ်လောင်သော ပေါက်ကွဲသံများနှင့် သေနတ်သံများ ကြားရပြီး အနည်းဆုံး အချိန်၄၅ မိနစ်ကြာအောင် ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ၎င်းဖြစ်စဉ်ကို စုံစမ်းဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တိုက်ခိုက်မှု၏ အဓိက ပစ်မှတ်ကို အတည်မပြု နိုင်သေးကြောင်း နေတိုးတပ်ဖွဲ့ အခြေစိုက် စခန်းအနီး လေဆိပ်၏ အနီးမှ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကဘူးလ် ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။

0 comments:

Post a Comment