Tuesday, June 18, 2013

ပုဂ္ဂလိက အာမခံလုပ်ငန်းများ တစ်ခုခုလွဲချော်ခဲ့လျှင် ပြည်သူများ မနစ်နာရ အောင်စီစဉ်ထား……



Tuesday, June 18, 2013

ပုဂ္ဂလိက အာမခံလုပ်ငန်းများ တစ်စုံတစ်ရာကြောင့် အာမခံကြေးပေးလျော် ရန် ပျက်ကွက်ခဲ့ ပါက ပြည်သူလူထုမနစ်နာအောင် အာမခံလုပ်ငန်းကြီးကြပ်မှု ကော်မတီက ထိန်းချုပ် ထားကြောင်းသိရ သည်။ ပုဂ္ဂလိက အာမခံလုပ်ငန်း များ အပြိုင်အဆိုင်ထွက်ပေါ်သည့် အပေါ်တွင် ပြည်သူတစ်ချို့က ယုံကြည် မှုအားနည်းနေသေးခြင်းနှင့် ပတ်သက်ပြီး မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွန်ကြားရေးမှုး ဦးအေးမင်းသိန်းကို မေးမြန်းရာ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာမခံလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနှင့် ပုဂ္ဂလိက ကုမ္ပဏီများ တည်ထောင်ရာ တွင် ပြည်သူလူထု အတွက် အဆိုပါ ကုမ္ပဏီ၏ မတည် ရင်းနှီးငွေထဲမှ (၁၀)ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းတစ်ခု ဖွင့်ထားခိုင်းကြောင်းသိရသည်။ ထို့အပြင် နောက်ထပ် (၃၀)ရာခိုင်နှုန်းကို လည်း ငွေတိုက် စာချုပ်(TreasuryBond)ကို ၀ယ်ခိုင်းထားခိုင်းသည်ဟု ဦးအေးမင်းသိန်းကပြောသည်။

ပုဂ္ဂလိကအာမခံ ကုမ္မဏီများကို ပရီမီယံကြေးများ အပြိုင်အဆိုင် လျော့ရောင်းခြင်း မျိုးပြုလုပ်ခွင့် မပြုထားသည့်အတွက် အပြိုင်အဆိုင် ဈေးလျော့ရောင်းခြင်းများ လုပ်လာပါက တကယ်လျော်ကြေးငွေပေး ရသော အခါ၊ မလျော်နိုင်သည့်အခါ အခက်အခဲများတွေ့လာနိုင် သည်ဟု ပြော သည်။

ယခုလို အခက်အခဲနှင့် ကြုံလာပါက ပြည်သူများ နစ်နာမှုမရှိစေရန် အတွက် ထိန်းချုပ်ထားရခြင်းဖြစ်ကြောင်း ဦးအေးမင်းသိန်း က ထပ်မံပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းက ပုဂ္ဂလိ က အာမခံလုပ်ငန်း (၉)ခုကို လုပ်ငန်းလိုင်စင်ချထားပေးပြီး ဖြစ်ကြောင်း
သိရသည်။

SkyNet TV Browser

0 comments:

Post a Comment