ၾသစေၾတးလ် နိုင်ငံမှာ လာမည့် စက်တင်ဘာလ ရွေးကောက်ပွဲမှာ လက်ရှိ
ဝန်ကြီးချုပ် အရေး ရှုံး နိမ့်နိုင်တယ်ဆို တဲ့ပြောဆို သုံးသပ်ချက်တွေကို
သူ့အနေနဲ့ အနိုင်ရဖို့ အခွင့်အလမ်းတွေ ရှိတယ်ဆိုပြီး
ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။
Defence white paper
သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် Julia Gillard (Credit: ABC Licensed)
ဝန်ကြီးချုပ် Julia Gillard က လက်ရှိ အုပ်ချုပ်နေတဲ့ လေဘာပါတီအဖို့၊
ကြိုတင်မဲကောက်တန်း ဟောကိန်းတွေ အရ အတော်ကို အရေးရှုံးနိမ့်နေတာတွေ
ပြနေတော့ အတော်ကို ကြိုးစားရ မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် Julia Gillard က သူ့အနေနဲ့ တရုတ်နိုင်ငံနဲ့ နှစ်စဉ်နှစ်တိုင်း
သြစတြေးလျ နိုင်ငံနဲ့ ၂ နိုင်ငံ ဆွေးနွေး တိုင်ပင်မှု
ပြုလုပ်သွားမယ်ဆိုတဲ့ သဘောတူညီ ချက်ကို ရအောင် ကြိုးပမ်းခဲ့တာတွေ၊
စာသင်ကျောင်းတွေ နဲ့ ပတ်သက်ပြီး ထောက်ပံ့ငွေပိုတိုးမှုတွေကို
အောင်မြင်အောင် ဆောင် ရွက်နိုင်တာတွေနဲ့ မသန်မစွမ်းသူတွေအတွက်
အာမခံစနစ်ထားရှိဖို့ ကြိုးပမ်းအောင် မြင်ခဲ့တာတွေကို အောင်မြင်ချက်များ
အနေနဲ့ မီးမောင်းထိုးပြောဆိုသွားပါတယ်။
ဝန်ကြီးချုပ် Julia
Gillard က သူ့ အနေနဲ့ ရွေးကောက်ပွဲကို လေဘာပါတီက အနိုင်ရရ မယ်ဆိုတဲ့
စိတ်ဓါတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြောပြပါတယ်။
ဝန်ကြီးချုပ် Julia Gillard က မသန်မစွမ်းသူ တွေ အတွက် အာမခံ စနစ်ထား ရှိ
ဖို့ သဘောတူညီ ချက်ရ နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပေမဲ့ အခုအခါမှာ
အောင်မြင်ခဲ့တာကိုတွေ့ တဲ့အကြောင်း၊ အလားတူ မအောင်မြင် နိုင်ဘူး
ဆိုတဲ့ပြောဆိုမှု တွေ ကြားရတာ ရိုးနေပြီဖြစ်တဲ့အကြောင်း၊ လာမည့် စက်တင်ဘာ
ရွေးကောက်ပွဲမှာလဲ ဒီလိုအပြောအဆိုတွေကို
စိန်ခေါ်မှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။
Credit To:radioaustralia
Monday, May 6, 2013
စက်တင်ဘာရွေးကောက်ပွဲမှာ နိုင်ရမယ်လို့ Julia Gillard ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment