ဆွာရက်ဇ်က လီဗာပူးရဲ့ပုံရိပ်ကို ရွှံ့ထဲဆွဲနစ်နေသူပါ----ဟာမန်း
လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်က လက်ရှိအချိန်မှာ ၎င်းအတွက် အပြောင်းအလဲလုပ်ရန် အကောင်းဆုံးဟုဆိုခဲ့ပြီး
အသင်းပြောင်းလိုကြောင်း ၀န်ခံလာခဲ့သည်။ အင်္ဂလန် မီဒီယာများ၏ပြုမူဆက်ဆံပုံကို စိတ်ပျက်နေသော ဆွာရက်ကို အသင်းတွင် ဆက်ထိန်းရန် အသင်းတာဝန်ရှိသူများမှဖျောင်းဖျခဲ့သော်လည်း
အောင်မြင်ခဲ့ခြင်းမရှိကြောင်းသိရသည်။ ဆွာရက်ဇ်ကို ပေါင်သန်း ၄၀ဖြင့် ခေါ်ယူရန် ရီးရဲလ်မှ ပြင်ဆင်နေပြီး ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကလည်း ဆွာရက်ဇ်၏ ခြေစွမ်းကို သဘောကျသည်ဟု ဖွင့်ဟထားသည်။
မီဒီယာများကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရသည့် ဆွာရက်ဇ်ကို လီဗာပူးပရိသတ်များမှ ရာနှုန်းပြည့်ထောက်ခံနေကြပြီး အသင်းမှ မထွက်ခွာရန် ကြိုးပမ်းနေသည်။ သို့သော် လီဗာပူး ကစားသမားဟောင်း ဟာမန်းက လီဗာပူးမှ ဆွာရက်ဇ်ထွက်ခွာမည်ဆိုခြင်းမှာ အသင်းအတွက် ဆုလဒ်တစ်ခုဖြစ်သည်ဟု ဆိုခဲ့ပြီး ဆွာရက်ဇ်မှာ လီဗာပူးအသင်း၏ ပုံရိပ်ကို ရွှံ့နွံထဲဆွဲနစ်နေသူဟု ဝေဖန်သွားခဲ့သည်။
http://yoyarlay.com/sport/football/35852-2013-05-31-17-37-07

0 comments:
Post a Comment