လွန်ခဲ့တဲ့ ၁၃ ရက်အကြာက ပြိုကျပျက်စီးခဲ့တဲ့ ၈ ထပ်တိုက်အဆောက်အဦး
အပြိုအပျက်တွေကို စက်ယန္တရားတွေသုံးပြီး ရှုင်းလင်းနေတာကို ရာနဲ့ချီတဲ့
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက စောင့်ကြည့်နေခဲ့ကြပါတယ်။
အဆောက်အဦးပြိုကျမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စုံစမ်းစစ်ဆေးရဲ့အဖွဲ့ရဲ့ ကနဦးအစီရင်ခံစာမှာ ၈ ထပ်တိုက်ရဲ့ အပေါ်ဖက်အထပ်တွေမှာ အကြီးစားမီးစက်တွေတပ်ဆင်လည်ပတ်ခဲ့တဲ့အတွက် မီးစက်တွေရဲ့ တုန်ခါမှုဒဏ်ကြောင့် အဆောက်အဦးပြိုကျခဲ့တာဖြစ်နိုင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
၈ ထပ်တိုက်အဆောက်အဦးပုံစံရေးဆွဲခဲ့တဲ့ ဗိသုကာပညာရှင်ကလည်း အဆောက်အဦးပိုင်ရှင် Sohel Rana ဟာ ဗိသုကာပုံစံထုတ်ထားတဲ့အတိုင်း မလိုက်နာခဲ့ပဲ လုပ်ချင်ရာလုပ်ခဲ့တဲ့အတွက် အဆောက်အဦးပြိုကျခဲ့ရတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ကနဦးဗိသုကာပုံစံအရ ၆ ထပ်တိုက်အဆောက်အဦးအဖြစ်သာ ဒီဇိုင်းပုံစံဆွဲခဲ့တာဖြစ်ပြီး ရှော့ပင်းဈေးဆိုင်တွေနဲ့ ရုံးခန်းတွေဖွင့်ဖို့ အတွက်သာ ပုံစံထုတ်ခဲ့တာဖြစ်ပြီး အကြီးစားမီးစက်တွေ အထပ်မြင့်မှာတင်ပြီး လည်ပတ်ဖို့ ပုံစံထုတ်ထားတာမဟုတ်တဲ့အကြောင်း ဗသုကာပညာရှင် Masood Reza က ပြောခဲ့ပါတယ်။
၈ ထပ်တိုက်အဆောက်အဦးမှာ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားပေါင်းများစွာနဲ့ လည်ပတ်နေခဲ့တာဖြစ်ပြီး အဆောက်အဦးပိုင်ရှင် Sohel Rana ဟာ အဆောက်အဦးစည်းမျဉ်းတွေကို မလိုက်နာမှု၊ ပေါ့ဆမှုကြောင့် လူတွေအသက်သေဆုံးရမှုတွေနဲ့ စွဲချက်တင်ခံနေရတာ ဖြစ်ပါတယ်။
Credit To:radioaustralia

0 comments:
Post a Comment