Sunday, May 5, 2013

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မုံရွာမြို့နယ်အနီး ကွမ်းခြံများ ပျက်စီးခဲ့၍ ကွမ်းရွက်ဈေး မြင့်တက်နိုင်

မုံရွာ နှင့် မုံရွာမြို့နယ် အနီးတို့၌ မေလ ၂ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ် ခဲ့ခြင်းကြောင့် မုံရွာ မြို့ပေါ် ရပ်ကွက်များ နှင့် မုံရွာမြို့နယ် တို့တွင် သစ်ပင်ကြီးများ လဲခြင်း ၊ သစ်ကိုင်းများ ကျိုးကျခြင်း ၊ ဓာတ်တိုင်များ လဲခြင်း အပြင် ကျေးရွာများတွင် အိမ်အမိုး လန်ခြင်း ၊ အိမ်ပြိုခြင်း များနှင့် စိုက်ခင်းများပါ လေပြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ မုံရွာမြို့နယ် လယ်ဇင် ကျေးရွာ တောင်သူ တစ်ဦးက " လေပြင်း တိုက်ခဲ့တာကြောင့် လယ်ဇင် ၊ အောင်သာ နဲ့ သက္ကယ်ကျင်း ကျေးရွာတို့က ကွမ်းခြံ ဧကပေါင်း ၄၀၀ နီးပါး ပျက်စီး ခဲ့ပြီး ကွမ်းရွက် ထွက်ရှိမှု နည်းပါး သွားနိုင်ကြောင်း ၊ ခြံထွက် ရောင်းဈေး ကွမ်းရွက် တစ်ပိဿာကို ကျပ် ၆၀၀ ဖြင့် ၀ယ်ယူပြီး တစ်ပိဿာ ကျပ် ၈၀၀ ဖြင့် ပြန်လည် ရောင်းချသည့် ကွမ်းရွက်ပွဲရုံ များသို့ လေပြင်း တိုက်ခိုက်ပြီးနောက် ကွမ်းရွက်များ လာရောက် သွင်းသူ နည်းပါး သွားသဖြင့် ကွမ်းရွက်ဈေး မြင့်လာ နိုင်ကြောင်း .... " ပြောကြား သွားသည်။ အလားတူ မုံရွာမြို့နယ် ၊ ထနောင်းတော ကျေးရွာအုပ်စု ၊ ထနောင်းတော (တောင်)ရွာ တွင်လည်း ကွမ်းခြံများ ပျက်စီး ခဲ့ရပြီး ပြောင်းဖူး ၊ ငရုတ် ၊ ခရမ်း ၊ ခရမ်းချဉ် ၊ ကြက်ဟင်းခါး ၊ ပဲတီ နှင့် အခြား သီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Ref:မြဝတီ

0 comments:

Post a Comment