Monday, May 27, 2013

နောက်တစ်ခါ လာပြန်ပြီးတဲ့ဟေ့

May 27, 2013


နိုင်ငံရေးသုတေသီ။ ““တက္ကသိုလ် စိန်တင်ရေ၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအခြေအနေ တိုးတက်မှုဘယ်လိုရှိ သလဲဗျ။””
တက္ကသိုလ်စိန်တင်။ ““ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောစကားအတိုင်းဆိုလျှင် ထင်သာမြင် သာ၊ နိုင်ငံရေးတိုးတက်မှု ဘာမှမရှိသေး ဘူးပြောချင်ပြောနိုင်တယ်၊ ဒါပေမဲ့ သတင်းမီဒီယာလောကမှာကတော့ စာပေစိစစ်ရေးဖျက်သိမ်း၊ ပုဂ္ဂလိကသတင်း စာတွေ ထုတ်ဝေနေတော့ တိုးတက်မှု ရှိတယ်ဗျ””
နိုင်ငံရေးသုတေသီ။ ““ဟုတ်လား၊ ကျိုင်းတုံမြို့က သတင်းမကြားသေးဘူး လား။””
တက္ကသိုလ်စိန်တင်။ ““ကျိုင်းတုံမှာ ဘာဖြစ်လို့လဲ””
နိုင်ငံရေးသုတေသီ။ ““ကျိုင်းတုံဆေး ရုံကြီးမှာ သတင်းထောက်တွေကို ပြင်း ပြင်းထန်ထန် သတိပေးထားတဲ့အကြောင်း ဟောဒီသတင်းဖတ်ကြည့်ပါဗျာ၊ ပုဂ္ဂလိ ကသတင်းစာတစ်စောင်မှာ ဖော်ပြထား တဲ့သတင်းဗျ””
ကျိုင်းတုံဆေးရုံသတင်းထောက်များ ကို သတိပေးစာထုတ်။
ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်တာဝန်ခံ ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်မရဘဲ မည်သည့်နေရာတွင်မဆို ဆေးရုံဝန်ထမ်း ကသော်လည်းကောင်း ပြင်ပကသော် လည်းကောင်း မှတ်တမ်းရယူခြင်း၊ ဓာတ် ပုံရိုက်ကူးခြင်းနှင့် လူနာဆေးကုသမှုနှင့် မသက်ဆိုင်သောကိစ္စရပ်များကို မပြု လုပ်ရန် တားမြစ်သည်ဟု ဆေးရုံအုပ် ကြီးဒေါက်တာကြည်လွင်ကစာအမှတ် (၄၈၈/ကက/ညွှန်ကြား)ကို မေ(၇)ရက် နေ့စွဲပါစာဖြင့် သတိပေးစာထုတ်ပြန်ထား သည်။
ကျိုင်းတုံမြို့နယ် သတင်းထောက် များအနေဖြင့်ဆေးရုံတွင် သတင်းနှင့် သတင်းဓာတ်ပုံရယူရန် တာဝန်ခံဆရာဝန် နှင့် ခွင့်ပြုချက်တောင်းခံသော်လည်း မရရှိဘဲ အထက်အဆင့်ဆင့်ကိုသာ တင်ပြပြီး ခွင့်ပြုချက်ရယူပါရန် ဖြေကြား နေသဖြင့် သတင်းနှင့်သတင်းဓာတ်ပုံများ ကိုဆေးရုံတွင် အတည်ပြုရယူနိုင်ရန် ခက်ခဲလျက်ရှိသည်။
တက္ကသိုလ်စိန်တင်။ ““နိုင်ငံရေးသု တေသီဖတ်ပြတဲ့သတင်းက ဟိုလွန်ခဲ့တဲ့ လမ်းစဉ်ပါတီခေတ်က နယ်ဆေးရုံတွေ မှာ ထုတ်ပြန်ထားတဲ့ ဂွမ်တီးဂွမ်တီးက သတင်းမျိုးဗျ။””
နိုင်ငံရေးသုတေသီ။ ““ဟုတ်တယ်၊ ဟုတ်တယ်၊ ယခုလိုဒီမိုကရေစီဖော် ဆောင်နေတဲ့ ခေတ်ကောင်း၊ အခါ ကောင်း၊ ရာသီကောင်းမှာ ကျိုင်းတုံက ယခုဖတ်ရတဲ့သတင်းက နောက်ပြန်လှည့် ချင်တဲ့သတင်းမျိုးဖြစ်နေတယ်။””
တက္ကသိုလ်စိန်တင်။ ““ဒီလိုသတင်း မျိုး၊ လွန်ခဲ့တဲ့လမ်းစဉ်ပါတီခေတ် ၁၉၇၂ ခုနှစ်ကလည်း ကြုံခဲ့ဖူးသေးတယ်။ အဲဒီ တုန်းက ရွှေဘိုခရိုင်၊ ကျွန်းလှမြို့မှာ ဟံသာဝတီသတင်းထောက် ဦးသောင်း ညွန့် ကျန်းမာရေးသတင်းရေးမိလို့ ဆိုင် ရာက တရားစွဲ ဖမ်းဆီးခဲ့တာ ထောင်ထဲ မှာ တစ်လခွဲနေခဲ့ရသေးတယ်””
နိုင်ငံရေးသုတေသီ။ ““ဟုတ်လား။ ဘယ်လိုဖြစ်တာလဲ။ ကျိုင်းတုံမြို့ကလည်း ကျန်းမာရေးဌာနသတင်းကိစ္စ ရွှေဘို ခရိုင် ကျွန်းလှမြို့ကလည်း ကျန်းမာရေး သတင်းကိစ္စ””
တက္ကသိုလ်စိန်တင်။ ““ဒီမှာ ဒီမှာ။ ကြားချင်ရင်နားဆင်။ ရွှေဘိုခရိုင်၊ ကျွန်းလှ မြို့က အသက်(၇၀)အရွယ် ကျန်းမာဆဲ သတင်းထောက်ကြီး ဦးသောင်းညွန့်ဆီက ရေးလာတဲ့စာ နားဆင်ပါ””
တက္ကသိုလ်စိန်တင်ခင်ဗျား။ ““၁၉၇၂ ခုနှစ်က ကျွန်တော်တစ်ယောက် ကျန်း မာရေးသတင်းရေးမိလို့ ထောင်ထဲမှာ တစ်လခွဲ (၄၅)ရက်လုံးလုံး ဒုက္ခရောက် ခဲ့တဲ့အကြောင်း ရေးပြလိုက်ပါတယ်””
၁၉၇၂ခုနှစ် လမ်းစဉ်ပါတီအစိုးရ တန်ခိုးထွားနေဆဲကာလ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ မြတ်နှစ်ရွာမှာ ၀မ်းရော ဂါဖြစ်တယ်။ တတ်နိုင်တဲ့ငွေရှင်ကြေးရှင် တွေက ကျွန်းလှဆေးရုံလာတက်ကြ တယ်။ ဆင်းရဲသားတွေက မြတ်နှစ်ရွာ မှာပဲ ဆေးကုကြရရှာတယ်။ ရောဂါပြင်း ထန်သူတွေ ပျက်စီးကြတယ်။ ကျွန်းလှ ဆေးရုံက ဆရာဝန်ကြီးဒေါက်တာဇော် ၀င်းနဲ့ သူနာပြုဆရာမများအဖွဲ့ မြတ်နှစ် ရွာကို နွားလှည်းများနဲ့သွားကြတယ်။ ၀မ်းရောဂါနဲ့ သေသူဘယ်နှစ်ယောက်၊ ကျွန်းလှဆေးရုံရောက်တာ ဘယ်နှစ် ယောက်၊ ဟံသာဝတီသတင်းထောက် ကျွန်တော်သောင်းညွန့်သတင်းရေးပို့တာ သတင်းဖော်ပြပြီးနောက် ကျွန်းလှမြို့နယ် နလကဥက္ကဋ္ဌအမိန့်နဲ့ ကျွန်တော့်ကို ဖမ်း ပြီးခွင့်ပြုချက်မယူဘဲ သတင်းရေးမှုနဲ့ အကျဉ်းထောင်ပို့တယ်။ ထောင်ထဲမှာ တစ်လခွဲကြာနေရပြီးတော့ ဟံသာဝတီ သတင်းစာတိုက်ကလာပြီး အာမခံနဲ့ ထုတ်လို့ အချုပ်လွတ်ထုချေရတယ်။ မြို့နယ်တရားသူကြီး ဦးဌေးမောင်က သတင်းထောက်သောင်းညွန့်ကို တရား သေလွှတ်တယ်။ ဖြစ်ပုံကတော့ ဒါပါပဲ။
နိုင်ငံရေးသုတေသီ။ ကျိုင်းတုံမြို့က သတင်းမရေးရ တားဆီးအမိန့်နဲ့ ကျွန်းလှ မြို့က လမ်းစဉ်ပါတီခေတ်၊ သတင်း ထောက်ခံရတာ ခပ်ဆင်ဆင်ပဲ။
တက္ကသိုလ်စိန်တင်။ နောက်တစ်ခါ လာပြန်ပြီတဲ့ဟေ့လို့ ပြောချင်တော့တယ်။

0 comments:

Post a Comment