မေလ ၂ရက်နေ့ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရာသွန်းမှု လေပြင်းမုန် တိုင်းတိုက်ခတ်မူ ကြောင့်ကလောမြို့နဲ့ ၁၆မိုင်ကွာ ရှိ ဂိုးစတား ရွှေတွင်း ပြိုကျခဲ့ရာမှာ လူပေါင်း လေးဆယ် ခန့် ၀င်ရောက်အလုပ်လုပ်ကိုင်နေရာ ၃ဦးကို အသက်ရှင် လျက်နဲ့ပြန်လည်တွေ့ရှိရပြီးသေဆုံး သူတစ်ဦးရဲ့ အလောင်းကို တူးဖော် ရရှိထားတယ်လို့သိရပါတယ်။
ကလောမြို့ခံ မိုင်တွင်းလုပ်သားတစ်ဦးဖြစ်တဲ့ ဦးထွန်းလွင်က “ ရွှေတွင်းပေ ၃၀၀လောက် နက်တယ်။မနေ့က တူးတာ ပေ ၁၅၀ ပဲရသေးတယ် ။အထဲမှာ ၃၀ကျော်လောက်ကျန်နေသေးတယ်။ ကုမ္မဏီက တာဝန်ရှိသူတွေ ရော ဒေသဆိုင်ရာအာဏာပိုင်တွေပါ ပူးပေါင်းပြီး ပိတ်မိနေသူတွေကိုကယ်ဖို့ ကြိုးစားနေတယ်”လို့ပြောပါတယ်။
နန်းလွင်
Sunday, May 5, 2013
ကလော ရွှေတွင်း ထဲမှာ ပိတ်မိနေသူမတွေ့ရှိသေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment