၂၃.၅.၂၀၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နော်အုန်းလှ ဦးဆောင်ပါဝင်သောအဖွဲ့သည်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေအတိုင်းခွင့်ပြုမိန့်တင်ပြ တောင်းခံ လာခြင်းမရှိဘဲ ဒီမိုကရေစီလမ်းကြောင်းကိုသွေဖီ၍ မိမိတို့ဆန္ဒ သဘောအလျောက်စီတန်းလှည့်လည်ခဲ့ကြရာသက်ဆိုင်ရာ
မြို့နယ်ရဲတပ်ဖွဲ့မှူးများက စီတန်းလှည့်လည်ခွင့်တရားဝင်ခွင့်ပြု ချက် တောင်းခံရန်ပြောသည့်အပေါ် လိုက်နာခြင်းမရှိခဲ့ရုံမျှမက ၎င်းတို့စီတန်းလှည့်လည်နေစဉ် တားဆီးသည့် အချိန်၌လည်း လူစုခွဲခြင်းမရှိခဲ့သောကြောင့် ၎င်းတို့အား ငြိမ်းချမ်းစွာစုဝေးခွင့်နှင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ အရအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အချို့သောပြည်သူများက မိမိတို့နိုင်ငံတွင်တရားဥပဒေ စိုးမိုးမှုမရှိကြောင်းပြောဆိုဝေဖန် မှုများရှိနေရာယခု ကဲ့သို့ နိုင်ငံတော် မှ ပြဌာန်းထားသည့်ဥပဒေပါလုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်မှုမပြုခြင်း သည် တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်ဆောင်နေသည့် သဘောသက်ဝင်နေ သဖြင့် အေးချမ်း စွာနေ ထိုင် လိုသောတရားဥပဒေစိုးမိုးရေးကိုလိုလား သောပြည်သူများအတွက်အနှောက်အယှက်ဖြစ်နေသည်ကို
တွေ့ရှိရသည်။ထိုကဲ့သို့ နိုင်ငံတော်မှ ထုတ်ပြန်ပြဌာန်းထား သည့် ဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်းသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ကြီးတည်ဆောက်နေ ခြင်းကိုနှောင့်နှေးမှုဖြစ်စေ သည့်အတွက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖေါ်ဆောင်နေမှု အပေါ် ပြည်သူများအနေဖြင့် ဥပဒေပါအတိုင်း စည်းကမ်းရှိရှိ စနစ်တကျလိုက် နာဆောင်ရွက်ကြစေလိုကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။
ရဲဇာနည်

0 comments:
Post a Comment