Saturday, May 25, 2013

မုဒိမ်းမှု၊မှုခင်းအသိပညာပေးချက် ထုတ်ပြန်...

၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှ မေလ(၂၀)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသမြို့နယ် အတွင်း မုဒိမ်းမှု(၅၇)မှုဖြစ်ပွားခဲ့ရာ အရွယ်မရောက်သေးသည့် အမျိုးသမီး ငယ်များအား အဓမ္မပြုကျင့်ခံရမှု (၁၀)မှုဖြစ်ပွားခဲ့ပြီး အသက်(၁၀)နှစ် အောက်ကျူးလွန်ခံရမှု(၇)မှု ဖြစ်ပွားခဲ့သည်။ မုဒိမ်းမှုကျူးလွန်သူများသည် အရွယ်ရောက်သူအမျိုးသမီးများကိုသာမက ကလေးငယ်များကိုပါ ကျူးလွန် သူများလည်း ရှိပါသည်။ထို့ပြင် ဖခင်မှသမီးအရင်းအားလည်းကောင်း၊ ပထွေးမှမယားငယ်သမီးအားလည်းကောင်း ကျူးလွန်သည်များရှိသဖြင့် မည်သည့် အရွယ်မဆို ဆွေးမျိုးရင်းချာဖြစ်စေကာမူ မုဒိမ်းမှုကျူးလွန်ခြင်း ခံရနိုင်ပါသည်။မုဒိမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်း များမှာ အရက်သေစာ နှင့်မူးယစ်ဆေးဝါးသုံးစွဲပြီး အသိစိတ်မှားယွင်းကာ ကျူးလွန်ခြင်း၊ ကာမရာဂ စိတ်ထိန်းသိမ်းနိုင်မှုနည်း၍ ကျူးလွန်ခြင်း၊ ကာမစိတ်ကိုနိုးကြွစေသည့် ညစ်ညမ်းဗီဒီယိုများကြည့်၍ အားကျစိတ်ဖြင့် ကျူးလွန်ခြင်း၊ဆိတ်ကွယ်ရာ တွင် အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးတည်းရှိစဉ် ကာမရာဂစိတ်ဖောက် ပြန်ကျူးလွန်ခြင်း စသည့် အကြောင်းရင်းတို့ကြောင့်ဖြစ်ပွားလေ့ရှိပါသည်။ မုဒိမ်းမှုကျူးလွန်ခြင်းမခံရစေရေးအတွက် အမျိုးသမီးများအနေဖြင့် နေအိမ် တွင်တစ်ဦးတည်းရှိနေစဉ် တံခါးများအားလုံး လုံခြုံစွာ ပိတ်ထားသင့်ပြီး မည်သူ့ကိုမဆို အလွယ်တကူဝင်ခွင့်အပြုခြင်း၊နေ့/ည အုပ်ထိန်းသူ မရှိချိန်တွင် ကာကွယ်မှုအကူအညီ ရနိုင်သည့် မိန်းမဖော်နှင့်နေထိုင်ခြင်း ၊သူစိမ်းအမျိုးသားနှင့် ဆိတ်ကွယ်ရာတွင်နီးကပ်စွာရှိနေခြင်းမျိုးအား ရှောင်ကျဉ်ခြင်း၊ခရီး ၊ အလည် သို့သွားခြင်းများတွင် အချိန်နှောင်းပါက အဖော်ဖြင့်ကြို၊ ပို့ပြုလုပ်ပေးခြင်း၊မိန်းကလေးငယ်များမည်သည့်အရွယ် ပင်ဖြစ်စေ အုပ်ထိန်းသူတို့မှ နေအိမ်တွင်တစ်ဦးတည်းထားခြင်း၊သူစိမ်းများ ထံ ယုံကြည်စွာအပ်နှံထားခြင်းများအား သတိပြုဆင်ခြင်ခြင်းတို့ဖြင့် ပြုမူ နေထိုင်သွားသင့်ပါသည်။ မုဒိမ်းမှုမဖြစ်ပွားစေရေးအတွက် ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး မိမိစိတ်အားမကောင်းမှုတွင် မမွေ့လျော်စေရေး သတိပြုဆင်ခြင်ခြင်း၊ အရက်သေစာအလွန်အကျူးသောက်သုံးခြင်းဖြင့် အသိတရားကင်းမဲ့ချိန် ပြစ်မှုကျူးလွန်နိုင်သည်ကို သတိပြုဆင်ခြင်ခြင်း၊ ညစ်ညမ်းဗီဒီယိုအားများကို မိမိကိုယ်တိုင်လည်းမကြည့်ဘဲ၊ ငှားရမ်းရောင်းပြ သနေခြင်းများတွေ့ရှိပါကလည်း တာဝန်ရှိသူများထံ အကြောင်းကြားပေး ခြင်း၊မိမိလူမျိုး၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားတို့ကိုစောင့်ထိန်းပြီး အမျိုးသမီးငယ်များအား နှမသားခြင်းကဲ့သို့ သဘောထား၍စောင့်ရှောက် ကူညီလိုစိတ်ထားရှိခြင်းတို့ဖြင့် ပြုမူနေထိုင်သွားကြပါရန် ရန်ကုန်တိုင်းဒေသ
ကြီး ရဲတပ်ဖွဲ့မှ မှုခင်းအသိပညာပေးထားကြောင်းသိရသည်။

0 comments:

Post a Comment