ပန့်ခ်အဆိုတော် အေဗရယ်လာ ဗင်းခ်ျသည် Nylon မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင် အဖြစ် ပါဝင် ဆောင်ရွက် ခဲ့ပြီးနောက် ၎င်းမဂ္ဂဇင်း၏ တွေ့ဆုံ မေးမြန်းခန်းတွင် မကြာမီ ဖြန့်ချိ မည့် တေးအယ်လ်ဘမ်သစ် အကြောင်းနှင့် သူမ၏ ခင်ပွန်းလောင်း အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဂီတသက်တမ်း ၁၁ နှစ် ကြာပြီဖြစ်သည့် အေဗရယ်လာဗင်းခ်ျက သူမ၏ တေးအယ်လ်ဘမ် သစ်အား Here's To Never Growing Up ဟု အမည်ပေးရန် စဉ်းစားထားကြောင်း ပြောကြား ခဲ့သည်။
အေဗရယ်လာဗင်းခ်ျ၏ ခင်ပွန်းလောင်းသည် Nickelback အဖွဲ့မှ အဆိုတော် ချက်ခရိုဂါ ဖြစ်ပြီး မိမိအပေါ် ကြင်နာတတ်ပြီး စိတ်သဘောထား ပြည့်ဝသော ချစ်သူကောင်း တစ်ယောက် ဖြစ်ကြောင်း Nylon မဂ္ဂဇင်း၌ ပြောကြားထားသည်။
ထို့ပြင် အေဗရယ်က သူမ၏ ဘ၀တွင် တေးသီချင်းများ မရှိပါက ပျော်ရွှင်စရာ အလျဉ်း မရှိကြောင်း ဂီတအပေါ် ရူးသွပ် ခုံမင်သည့် သူမ၏ ၀ါသနာကို ပြောပြခဲ့သည်။
အေဗရယ်လာဗင်းခ်ျသည် Nylon မဂ္ဂဇင်း မျက်နှာဖုံး ကာဗာအတွက် သူမ ကြိုက်နှစ်သက်သည့် အနက်ရောင် ၀တ်စုံများကို လဲလှယ် ၀တ်ဆင်ကာ
Read More >> http://bit.ly/17goxH8
0 comments:
Post a Comment