Monday, May 20, 2013

ဘာလို့ကိုယ်အလေးချိန် မကျရတာလဲ

ကိုယ်အလေးချိန်လျော့ချခြင်းဆိုသည်မှာ ယခုနှစ်များတွင် လူအများစုစိတ်ဝင်စားခြင်းခံလာရ သောကဏ္ဍာတစ်ခုဖြစ်လေသည်။ သို့သော်လည်း ပိန်လိုသူများအထဲတွင်မှ ၂၀%ခန့်သာ ကိုယ်အလေး ချိန်အောင်မြင်စွာလျော့ချနိုင် ကြောင်း တွေ့ရသည်။ ယင်းကဲ့သို့ မအောင်မြင်ခြင်းကိုဖြစ်စေသော အဓိကအချက် ၄ချက်ရှိကြောင်း တွေ့ရလေသည်။

(၁) လူအများစုက နေ့စဉ်စားသောက်နေတဲ့ ကယ်လိုရီတွေနဲ့ပတ်သက်ပြီး လျော့တွက်ထားကြပါတယ်။ ဒါ့အပြင် အများစုက အိမ်က အစား အသောက်ထက် အပြင်က အစားအစာတွေ စားကြတာပိုများပါ တယ်။

(၂)လူတစ်ယောက်ဟာ ပုံမှန်အား ဖြင့် တစ်ပတ်မှာ တစ်ပေါင်ကျဖို့ဆို ရင် နေ့စဉ်ပြင်းထန်တဲ့လေ့ကျင့်ခန်း မိနစ်၆၀ခန့်လုပ်ခြင်းအပြင် တစ်ရက် ကို ကယ်လိုရီ၅၀၀ခန့် လျော့စား သင့်ပါတယ်။ အဲဒီလိုလေ့ကျင့်ခန်း ရော အစားအသောက်ပါ ပူးတွဲလုပ် ဆောင်မှ အောင်မြင်မှာပါ။

(၃) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချလိုသူတွေဟာ ခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုလျော့ချ ဖို့အတွက် သွေးတွင်းသကြားဓာတ်ကို မှန်ကန်စွာ ထိန်းထားဖို့ လိုပါတယ်။ ဥပမာလိုအပ်တဲ့ကယ်လိုရီကို သုံးကြိမ် ခွဲစားမည့်အစား ယင်းလိုအပ်တဲ့ကယ်လိုရီကို တစ်နေကုန် ဖြည်းဖြည်းနဲ့နည်းနည်းစီ စားပေးသင့် ပါတယ်။

(၄)နောက်ဆုံးအချက်ကတော့ လူတွေရဲ့အိပ်ချိန်က ခြောက်နာရီ ထက်ပိုနည်းလာလို့ပါပဲ။

အပိန်လေး

0 comments:

Post a Comment