1-6-2013
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အားနည်းချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလများ၌ တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မြစ်ကြီးနား ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းသော မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ဦးအောင်မင်းက ထိုသို့ ၀န်ခံခဲ့ခြင်းဖြစ်သည်။
''ဒီကိစ္စဟာ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးလို့ဘဲလို့ သတ်မှတ်ပါတယ်။ ဦးအောင်မင်းက ပြီးမြောက်အောင် မလုပ်ပေးနိုင်သေးလို့ဘဲ ကိုယ့်ကိုယ်ကိုယ် ခံယူပါတယ်'' ဟု ဦးအောင်မင်းက ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေးတွေ လုပ်တဲ့အခါမှာ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ အချက်ငါးချက် ပါပါတယ်။ နံပါတ်တစ်က အပစ်အခတ် ရပ်စဲရမယ်။ ပြီးရင် ဆက်ဆံရေးရုံးတွေ ဖွင့်ရမယ်။ နယ်မြေတွေ ပိုင်းခြားသတ်မှတ်ပေးရမယ်။ အားလုံး အဆင့်ငါးဆင့် ပါဝင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လောလော လောလောနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်တဲ့အခါမှာ...
''အပစ်အခတ် ရပ်စဲရေးတွေ လုပ်တဲ့အခါမှာ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ အချက်ငါးချက် ပါပါတယ်။ နံပါတ်တစ်က အပစ်အခတ် ရပ်စဲရမယ်။ ပြီးရင် ဆက်ဆံရေးရုံးတွေ ဖွင့်ရမယ်။ နယ်မြေတွေ ပိုင်းခြားသတ်မှတ်ပေးရမယ်။ အားလုံး အဆင့်ငါးဆင့် ပါဝင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လောလော လောလောနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်တဲ့အခါမှာ နယ်မြေပိုင်းခြားမှုတွေကို တချို့အဖွဲ့တွေနဲ့ ဆက်မလုပ်နိုင်ပါဘူး။ ဆက်မလုပ်နိုင်တော့ သူ့နယ်မြေ ကိုယ့်နယ်မြေ မှားယွင်းပြီးတော့ တိုက်ပွဲတွေ ဖြစ်တာပါ'' ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။
''ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဒီထက်ပိုပြီး ဆောင်ရွက်ရမယ် ဆိုတာကို တွေ့ရှိရပါတယ်။ တပ်မတော်ပိုင်းနဲ့ သိပ်မဆိုင်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီကနေ နယ်မြေပိုင်းခြားမှုတွေကို ပီပီပြင်ပြင် မလုပ်ပေးနိုင်သေးတဲ့ ကာလမှာ ဒါတွေဖြစ်လာတာပါ'' ဟု ဦးအောင်မင်းက ပြောကြားသည်။
''ကျွန်တော် ရှင်းပြခဲ့တာတွေ ရှိပါတယ်။ တချို့ဟာတွေကတော့ အသေးစိတ် ထုတ်ပြောလို့ မရပါဘူး။ အထူးသဖြင့်ကတော့ တပ်နေရာတွေနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ဒါတွေက နှစ်ဖက်သဘောတူညီမှု ယူရပြီး လုပ်ရတာ ဖြစ်ပါတယ်။ ၀န်ကြီး ဦးအောင်မင်း ရှင်းလင်းသွားတဲ့ အတိုင်းပဲ ဖြစ် ပါတယ်'' ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း The Daily Eleven သတင်းစာ၏ မေးခွန်းကို ဖြည့်စွက်ဖြေကြားသည်။

0 comments:
Post a Comment