Friday, May 24, 2013

Astuete အမျိုးအစားရေငုပ်သင်္ဘောများ

ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်လုပ်တဲ့ ရေငုပ်သင်္ဘော အများအပြားရှိကြပါတယ်... ဒီအထဲကမှ United Kingdom (UK) ရဲ့ Astute အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေရဲ့ အချက်အလက်လေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးပါ့မယ်...

၁) Astute ရေငုပ်သင်္ဘောတွေဟာ ၉၇ မီတာရှည်တဲ့အတွက် လန်ဒန်ဘတ်စ်ကား ၁၀ စီးစာလောက် အလျားရှိတယ်လို့ဆိုနိုင်ပါတယ်...

၂) တစ်စီးလုံးရေငုပ်လိုက်တဲ့အခါ ပင်လယ်ရေ ၇၄၀၀ တန်ရဲ့ နေရာကို ဝင်ရောက်နေရာယူနိုင်တဲ့အတွက် blue whales ဆိုတဲ့ ဝေလငါးကြီး ၆၅ ကောင်နဲ့ ညီမျှပါတယ်...

၃) ခေတ်သစ်နျူကလီးယားနည်းပညာအရ ဒီရေငုပ်သင်္ဘောတွေဟာ လောင်စာထပ်ဖြည့်ဖို့ မလိုအပ်ပါဘူး... ဆောက်သမ်တန် (Southampton) မြို့လောက်အရွယ်အစားရှိတဲ့ မြို့ကြီးတစ်မြို့ကို ထောက်ပံ့ပေးဖို့လိုအပ်မယ့် ဓာတ်အားပမာဏလောက်စွမ်းအားကို nuclear reactor ကနေ ရေငုပ်သင်္ဘောအတွက် လောင်စာအဖြစ်ထောက်ပံ့ပေးထားပါတယ်...

၎) ရေငုပ်သင်္ဘောတွေဟာ ရေမျက်နှာပြင်ပေါ်မတက်ဘဲနဲ့ ကမ္ဘာကိုပတ်နိုင်ပါတယ်... ရေငုပ်နိုင်တဲ့အချိန်ကန့်သတ်ချက်ကတော့ ရေငုပ်သင်္ဘောက သယ်ဆောင်သွားနိုင်တဲ့ အစားအစာပမာဏနဲ့ ရေငုပ်သင်္ဘောအဖွဲ့သားတွေရဲ့ ခံနိုင်ရည်တို့အပေါ်မှာပဲ မူတည်နေပါတယ်...

၅) ရေငုပ်သင်္ဘောတွေဟာ လိုအပ်မယ့် အောက်ဆီဂျင်နဲ့ ရေသန့်တွေကို ပင်လယ်ရေကနေတစ်ဆင့် ရယူကြပါတယ်...

၆) Astute အမျိုးအစားရေငုပ်သင်္ဘောတွေဟာ ဗြိတိန်ရဲ့တော်ဝင်ရေတပ် (Royal Navy) မှာ ပယ်ရီစကုပ် (optical periscope) တွေမတပ်ဆင်ထားတဲ့ ပထမဆုံးရေငုပ်သင်္ဘော အမျိုးအစားဖြစ်ပါတယ်... ပယ်ရီစကုပ်အစား အသေးစိတ်ဖော်ပြနိုင်တဲ့ ဗီဒီယိုနည်းပညာကို ရေယာဉ်မှာ အသုံးပြုထားပါတယ်... ပုံရိပ်တွေဟာ ရေငုပ်သင်္ဘောထဲကို fibre-optic cable တွေကတစ်ဆင့် ပေးပို့ရောက်ရှိပါတယ်...

၇) ဒီရေငုပ်သင်္ဘောတွေမှာ တိုမဟော့ခ် (Tomahawk) ခရုဇ်ဒုံးတွေတပ်ဆင်ထားပြီး ကီလိုမီတာ ၁၀၀၀ ဝေးတဲ့ ပစ်မှတ်တွေကို အတိအကျပစ်ခတ်နိုင်ပါတယ်... ဒီအကွာအဝေးဟာ လန်ဒန်နဲ့ ပဲရစ် အသွားအပြန်ခရီးနဲ့ညီမျှတဲ့ အကွာအဝေးလည်းဖြစ်ပါတယ်...

၈) ရေငုပ်သင်္ဘောတစ်စီးစီမှာ ကေဘယ်လ်ကြိုးတွေနဲ့ ပိုက်လိုင်းတွေကို ၁၁၀ ကီလိုမီတာအရှည်လောက် တပ်ဆင်ထားရှိပါတယ်... ဒီအလျားဟာ ဘရစ်တိုလ်ကနေ အောက်စ်ဖို့ဒ် ကြားအကွာအဝေးနဲ့ ညီမျှပါတယ်...

၉) ဒီရေယာဉ်တွေမှာ အသုံးပြုထားတဲ့ Sonar 2076 sonar suite ဟာ laptop computer အလုံး ၂၀၀၀ ရဲ့ processing power ရှိပါတယ်... တော်ဝင်ရေတပ်ကို လက်ရှိအသုံးပြုနေတဲ့ sonar စနစ်တွေအားလုံးထက် ပိုမိုကြီးမားတဲ့ စနစ်တစ်ခုရရှိစေပြီး ကမ္ဘာ့အများဆုံး hydrophones အရေအတွက်ကို အသုံးပြုထားပါတယ်...

0 comments:

Post a Comment