Wednesday, May 1, 2013

ရေခဲသေတ္တာအတွင်းထည့်၍မစားသင့်သောအသီးလေးမျိုး

ဖရဲသီး

ရေဓာတ်အပြည့်အဝပါဝင်သဖြင့် နေ့စဉ်စားပေးသင့်ပါတယ်။ ဖရဲသီးကိုရေခဲသေတ္တာမထည့်ပဲ အခန်းအပူချိန်အတိုင်း ထား ၍စားသုံးပါကကင်ဆာတိုက်ထုတ်နိုင်ခြင်းနှင့်ကိုယ်အလေးချိန်လျှော့ချရာမှာအထောက်အကူပြုစေပါသည်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမထည့်ဘဲ အခန်းအပူချိန်မှာပဲထားပြီးစားသင့်ပါတယ်။ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း vitamin A C K တို့များစွာပါဝင်ပါတယ်။

မက်မွန်သီး

မက်မွန်သီးမှာ အမျှင်ဓာတ်vitaminAနဲ့Cနိုင်ရာစင်နဲ့ ပိုတက်ဆီယမ်တွေအများကြီးပါဝင်ပါတယ်။ မက်မွန်သီးကို ရေခဲသေတ္တာထဲ ထည့်စားရင် အာဟာရဓာတ်ဆုံးရှုံးစေနိုင်ပါတယ်။

သရက်သီး
သရက်သီးကိုလည်းအခန်းအပူချိန်အတိုင်းထားပြီးစားသုံးသင့်ပါတယ်။သရက်သီးကအစာချေဖျက်မှုကိုအားပေးတဲ့အင်ဇိုင်းတွေပါဝင်လို့အစာအိမ်ကိုကျန်းမာစေပါတယ်

0 comments:

Post a Comment