Tuesday, April 9, 2013

အတုအစစ် ခွဲခြားသိနိုင်ရန် ငွေစက္ကူကျပ် ၅၀၀၀ တန်အချက်အလက်များ

မြန်မာနိုင်ငံရှိ အများပြည်သူများ ငွေစက္ကူ ၅၀ဝ၀ တန်အတု၊ အစစ်ခွဲ ခြားနိုင်ရန် နိုင်ငံတော် ဗဟိုဘဏ်မှ သာမာန်အား ဖြင့် ထင်သာမြင်သာ ရှိသည့် အလွယ်တကူ နှိုင်းယှဉ် ခွဲခြား သိရှိနိုင်ရန် ၎င်းနှင့်ပတ် သက်၍ အချက်အလက်များ သတိပြုနိုင်ရန် ဖော်ပြ လိုက်ပါသည်။
(၁) ငွေစက္ကူအစစ်
စက္ကူ အမျိုးအစားမှာ စက္ကူသား ကျစ်လျစ် သိပ်သည်းပြီး အထူအပါး ညီညာမှုရှိ ခြင်း၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် နို့နှစ်ရောင် ပြောင်းခြင်း၊ ရာသီဥတုနှင့် ရေ စိုဒဏ်ခံနိုင်ခြင်း။
ငွေစက္ကူအတု
သာမာန် စက္ကူတွင် ရိုက်နှိပ်ထား၍ ပြောင်ချောနေပြီး စက္ကူသားပွကာ ကျစ် လျစ်သိပ်သည်းမှု မရှိခြင်း၊ အထူအပါး ညီညာမှု မရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နို့နှစ်ရောင် မပြောင်းခြင်း၊ ရာသီဥတုနှင့် ရေစိုဒဏ် ခံနိုင်မှု မရှိခြင်း။
၂။ငွေစက္ကူအစစ်
ငွေစက္ကူနံပါတ် များမှာ အက္ခရာ ၂ လုံး ဂဏန်း ၇ လုံးပါ မြန်မာအက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာဂဏာန်းတို့ ဖြင့် ၂ မျိုးရိုက်နှိပ် ထားပြီး ခရမ်းလွန်ရောင် ခြည်အောက်တွင် နီရဲတောက်ပစွာ တွေ့မြင်ရခြင်း။
ငွေစက္ကူအတု
ယင်းသို့ ၂ မျိုးရိုက်နှိပ် ထားသော် လည်း ခရမ်းလွန်ရောင်ခြည် အောက်တွင် နီရဲတောက်ပမှု မရှိခြင်း။
၃။ ငွေစက္ကူအစစ်
ရေစာနှင့် ၅၀ဝ၀ တန်ဖိုး ရေစာပါရှိခြင်း၊ အလင်းရောင်တွင် ထောင်ကြည့်ကမြင်ရ ပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် မ မြင်ရခြင်း။
ငွေစက္ကူအတု
ဆင်ဖြူတော်ပုံ ရေစာနှင့် ၅၀ဝ၀ တန်ဖိုးရေစာမှာ အလင်း ရောင်တွင် ထောင်ကြည့်ကပေါ်လွင်ပြတ်သားမှုမရှိ ခြင်း။
၎။ ငွေစက္ကူအစစ်
လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက် ထည့်သွင်း ထားပြီး ၅၀ဝ၀K စာ တန်းအား အတည့်/ ပြောင်းပြန် ရိုက်နှိပ်ထား ခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီ၊ ပြာ၊ ဝါအရောင်များ တွေ့ရခြင်း။
ငွေစက္ကူအတု
လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင် လိုက်ထည့်သွင်း ထားခြင်းမရှိဘဲ၊ ငွေစက္ကူ ပေါ်တွင် ၅၀ဝ၀ K စာတန်းအား အတည့် ပြောင်းပြန် ပုံနှိပ်ထားပြီး သပ်ရပ်မှု မရှိခြင်း။
၅။ ငွေစက္ကူအစစ်
ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ် ထားပြီး စာလုံး၊ ဆေးကြောင်းများ ကြွနေပြီး ကြည်လင် တောက်ပပြတ်သားမှု ရှိခြင်း။
ငွေစက္ကူအတု
သာမာန် ပုံနှိပ်ထားခြင်းကြောင့် စာလုံးဆေးကြောင်းများ ကြည်လင်ပြတ်သားမှု မရှိဘဲ အရောင်မှိန် နေခြင်း စသည်တို့ဖြစ် ကြောင်း သိရသည်။ 

0 comments:

Post a Comment