Apple နဲ့အတူ ယင်းစစ်တမ်းမှာ ရမှတ်အကောင်းဆုံးတွေထဲမှာပါဝင်တဲ့ Google ၊ Facebook တို့ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီးတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရာနှုန်းပြည့်ပြောင်းလဲအသုံးပြုသွားမယ်ဆိုပြီး ထုတ်ဖော်ကတိပေးထားကြပါတယ်။
အလားတူ Apple ရဲ့ လက်ရှိ တည်ဆောက်ဆဲ ရုံးချုပ်သစ်ဟာဆိုရင်လည်း ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ပဲ လုံးလုံးလျားလျား လည်ပတ်သွားဖို့ရှိနေပြီးတော့ ခန့်မှန်းခြေအားဖြင့်တော့ စတုရန်းပေ ၇၀၀,၀၀၀ နဲ့ ဆိုလာဘုတ်ပြားတွေ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
Greenpeace အဖွဲ့အနေနဲ့ ၂၀၀၉ ခုနှစ်ကတည်းက သတင်းအချက်အလက်နည်းပညာလုပ်ငန်းကဏ္ဍထဲက စွမ်းအင်သုံးစွဲမှုဆိုင်ရာစွမ်းဆောင်ရည်တွေနဲ့ပတ်သက်လို့ တိုင်းတာထုတ်ပြန်ပေးနေခဲ့တဲ့အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ယင်းရဲ့ ယခုထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ Apple အနေနဲ့ အကဲဖြတ်အပိုင်းခွဲတွေဖြစ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကတိပြုချက်ပိုင်း၊ စွမ်းအင်ဖူလုံမှုနဲ့ လျော့ပေါ့သက်သာစေခြင်းအပိုင်း၊ပြည့်ဖြိုးမြဲစွမ်းအင် ရယူအသုံးပြုပိုင်းတို့ မှာ အဆင့် A ရရှိခဲ့တယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment