Wednesday, November 16, 2016

မြန်မာနိုင်ငံရှိ တရားမ၀င်သစ်များကို ဥရောပဈေးကွက်တင်ရောင်းချသည့် သစ်ကုမ္ပဏီ တရားစွဲခံရ

မြန်မာနိုင်ငံရှိသစ်များကို တရားမ၀င် ၀ယ်ယူပြီး ဥရောပ ဈေးကွက်သို့ တင်သွင်းရောင်းချခဲ့ သည်ဟု သံသယရှိသော ဥရောပ သစ်ကုမ္ပဏီကို ဆွီဒင်အစိုးရက ဥရောပသစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းဥပဒေများအရ တရားစွဲ ဆိုလိုက်ကြောင်း လန်ဒန်အခြေ စိုက် သဘာဝပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့ EIA က သတင်းထုတ်ပြန်သည်။

ဆွီဒင် သစ်စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ တွေ့ရှိချက်တွင် Almtra Nordic သစ်ကုမ္ပဏီသည် မြန်မာ့သစ်လုပ်ငန်းမှ ၎င်းဝယ်ယူ ခဲ့သော သစ်၏ ထွက်ရှိရာဒေသ နှင့် ပေါက်ရောက်ရာဒေသကို အ ထောက်အထားများဖြင့် ဖော်ပြ နိုင်ခဲ့ခြင်းမရှိဟု EIA အဖွဲ့၏ နိုဝင်ဘာ ၁၅ ရက်ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
‘‘လက်ရှိမှာတော့ ဆွီဒင်တ ရားရုံးက EUTR အဖွဲ့လိုအပ်ချက် တွေကို မလုပ်နိုင်သေးတဲ့ MTE က အထောက်အထားတွေကို လက်ခံထားတယ်။ တရားစွဲမှုတစ် ခုရဲ့နောက်မှာ အီးယူအဖွဲ့ဝင် နိုင်ငံတွေ အားလုံး ရပ်တည်နေ သင့်တယ်’’ဟု EIA အဖွဲ့ဝင် သစ် တောထိန်းသိမ်းရေး စည်းရုံးလှုံ့ ဆော်သူ ပီတာကော့ပါးက ပြော  သည်။
တရားမ၀င်သစ်ခုတ်လှဲမှု မြင့်မားနေသည့် မြန်မာနိုင်ငံရှိ သစ်များကို မှတ်ပုံတင်ခွင့်ရရှိမှ သာ ရောင်းချခွင့်ပေးရန် အီးယူ အဖွဲ့နိုင်ငံများက ကန့်သတ်ထား သော်လည်း အီးယူဈေးကွက်တွင် တကယ်တမ်းရောက်ရှိနေသည့် သစ်များသည် ခုတ်လှဲရန် တရား ဥပဒေအရ တားမြစ်ထားသော မြန်မာ့သစ်များ ဖြစ်သည်။
ဥရောပ ဈေးကွက်တွင် ရောက်ရှိနေသော မြန်မာသစ်များ သည် တရားဥပဒေအရ တားမြစ် ထားသည့် သစ်များဖြစ်ပြီး ၎င်း ကုမ္ပဏီ၏ လက်ဝယ်တွင်တွေ့ရှိ သဖြင့် ဆွီဒင်အာဏာပိုင်များက စုံစမ်းစစ်ဆေးတရားစွဲဆိုခြင်းဖြစ် သည်။
EIA အဖွဲ့သည် အောက် တိုဘာ ၁၅ ရက်ကလည်း ဥရောပ ဈေးကွက်သို့ မြန်မာသစ်များ တင် သွင်းနေသည့် ကုမ္ပဏီကိုးခုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ သည်။
မြန်မာ့ကျွန်းသစ်များ ရောင်း ချတင်ပို့နေသည့် အဆိုပါကုမ္ပဏီ ကိုးခုသည် ဥရောပနိုင်ငံများက ချမှတ်ထားသော သစ်တင်သွင်းမှု ဆိုင်ရာ စည်းမျဉ်းဥပဒေများ ချိုးဖောက်နေသည်ဟု EIA က သတင်းထုတ်ပြန်ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment