Tuesday, November 15, 2016

ကျောက်မျက်ရတနာပြပွဲ နေပြည်တော်မှာ ကျင်းပမည်

မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ ကျောက်စိမ်းနှင့် ကျောက်မျက်တွဲများ ပြသရောင်းချသွားမယ်လို့ နိုင်ငံပိုင်သတင်းစာက ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ်အား ကိုးကားပြီး ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲအတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲပေါင်း ၈ဝဝဝ ခန့် ပြသ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။
လက်ရှိတွင် ကျောက်မျက်ရတနာပြပွဲမှာ ပြသမယ့် ကုမ္ပဏီများက ၎င်းတို့ရဲ့ ကျောက်စိမ်း ကျောက်မျက်များကို စာရင်းသွင်းနေကြပါတယ်။
အဆိုပါ ပြပွဲအတွင်း ကျောက်စိမ်း ကျောက်မျက်များကို အိတ်ဖွင့်တင်ဒါစနစ်နှင့် ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးမယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြထားပါတယ်။
ကျောက်စိမ်းကို ယူရိုငွေ ၄,ဝဝ၀ မှ ၂ဝဝ,ဝဝဝ အထိ တန်ဖိုးသတ်မှတ်ကာ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးမယ်လို့ သိရပါတယ်။
Credit To >>> Mizzima Burmese


0 comments:

Post a Comment