ဗီယက်နမ်နိုင်ငံ လေကြောင်းညွှန်ကြားမှုဌာနမ ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်အရ Samsung Galaxy Note 7 အမျိုးအစားကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်မပြုရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ထပ်မံ၍ ညွှန်ကြားချက် မထွက်မချင်း Vietjet မှ မည်သည့် ဖုန်းအမျိုးအစားကိုမဆို လေယာဉ်ပေါ်တွင် အသုံးပြုခြင်း မပြုရန်နှင့် အားမသွင်းရန် ညွှန်ကြားထားမည်ဟု အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။
စမတ်ဖုန်းများ အားသွင်းထားစဉ် ပေါက်ကွဲ၍ မီးလောင်ခြင်း အဖြစ်အပျက်များ တွေ့ရှိနေရသည့်အတွက် ဗီယက်နမ်နိုင်ငံလေကြောင်း ညွှန်ကြားမှု ဌာနမှ ယင်းသို့ ထုတ်ပြန်ချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းလိုင်းကဲ့သို့ပင် အခြားသော လေကြောင်းလိုင်းများ ကလည်း လေယာဉ်ပေါ်တွင် စမတ်ဖုန်းများ အသုံးပြုခြင်း ဆိုင်ရာများကိုလည်း ထုတ်ပြန်မှုများ ရှိလာကြောင်း သိရသည်။
Credit To >>> The Ladies News
0 comments:
Post a Comment