Monday, September 19, 2016

၂ဝဝ၃ မှ ၂ဝဝ၅ မော်ဒယ်လ်မော်တော်ယာဉ်များ ယခုနှစ်ကုန်အထိ ရောင်းမထွက်ပါက မူလနိုင်ငံသို့ ပြန်ပို့ရမည်



ယခုနှစ်ကုန်တွင် ဖျက်သိမ်းစာရင်းဝင်မည့် ၂ဝဝ၃ မှ ၂ဝဝ၅ ခုနှစ် မော်ဒယ်လ် မော်တော်ယာဉ်များကို ယခုနှစ်ကုန်အထိ ရောင်းချနိုင်ခြင်း မရှိပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် မော်တော်ယာဉ် အရောင်းစင်တာများ၌ ယင်းမော်တော်ယာဉ်များ အစီးရေ သောင်းနှင့်ချီ ရှိနေနိုင်ပြီး ယခုနှစ်အတွင်း ရောင်းထွက်ရန်မှာ ခက်ခဲမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။
မော်တော်ယာဉ် ဈေးကွက်မှာလည်း မတည်မငြိမ် ဖြစ်နေပြီး ဈေးနှုန်းများ မြင့်နေသောကြောင့် ယင်း Consignment မော်တော်ယာဉ်များကို အချိန်တိုအတွင်း ရောင်းချရန် မလွယ်ကူကြောင်း တို့က ပြောဆိုသည်။
“ပါကင်ပါမစ် ကိစ္စတွေ၊ စလစ်ကိစ္စတွေကြောင့် ဝယ်လက် ရှိရင်တောင် ရုတ်တရက် ရောင်းထွက်ဖို့က သိပ်မလွယ်ပါဘူး” ဟု ရှင်စောပု မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားတင်သွင်း ရောင်းချသူတစ်ဦးက ဆိုသည်။
ထိုသို့ ပြုလုပ်မည် ဆိုပါက ယင်းမူလနိုင်ငံ ပြန်ပို့ရမည့် မော်တော်ယာဉ်များကို ဈေးလျှော့၍ အရှုံးခံ ရောင်းချခြင်းနှင့် တစ်နိုင်တစ်ပိုင် မော်တော်ယာဉ်ရောင်းချသူများ အနေနှင့်လည်း ၂ဝဝ၃ မှ ၂ဝဝ၅ ခုနှစ် မော်ဒယ်လ် မော်တော်ယာဉ်များကို အရောင်းစင်တာများ၏ Consignment ပါမစ်ဖြင့် ရောင်းချနေရခြင်းကြောင့် ထိခိုက်နစ်နာမှုများ ရှိနိုင်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး ဝက်ဘ်ဆိုက် motors.com မှ Assistant Director ဦးညိုသွေးနိုင်က ပြောကြားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment