တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရအတွင်းရှိ ကျိုဝမ် ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှနေ၍ တီယန်ကောင်-၂ အာကာသသုတေသနယာဉ်ကို လွှတ်တင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ အနာဂတ်ကာလ အာကာသစခန်းယာဉ်အစီအစဉ်အတွက် နည်းပညာဆိုင်ရာ စမ်းသပ်မှုပြုလုပ်နိုင်ရန် တီယန်ကောင်-၂ အာကာသ သုတေ သနယာဉ်ကို လွှတ်တင်မည်ဖြစ်ကြောင်း လူလိုက်ပါသော အာကာသယာဉ် လွှတ်တင်ရေးအစီအစဉ်၏ ဒုတိယညွှန်ကြားရေးမှူး ဝူပင်းက ပြောကြားသည်။
အဆိုပါ အာကာသသုတေသနယာဉ်ကို စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် ည ၁ဝးဝ၄ နာရီတွင် လွှတ်တင်ရန် စီစဉ်ထားသည်။
လောင်းမာ့ခ်ျ-၂ အက်ဖ်တီ-၂ ဒုံးပျံယာဉ်ဖြင့် လွှတ်တင်မည့် သုတေသနယာဉ်သည် တီယန်ကောင်နှင့် အာကာသသုတေသနယာဉ်သည် အာကာသ အတွင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက်တည်း ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၃၈ဝ ခန့်အကွာ ကမ္ဘာပတ်လမ်းကြောင်း တစ်ခုအတွင်းသို့ ဝင်ရောက်ရန် စီစဉ်ထားသည်။
ယခုနှစ် အောက်တိုဘာလအတွင်း ရှင်ကျို့-၁၁ အာကာသယာဉ်နှင့်အတူ လိုက်ပါမည့်အာကာသယာဉ်မှူးနှစ်ဦးက တီယန်ကောင်-၂ အာကာသသုတေ သနယာဉ်အတွင်း ရက်ပေါင်း ၃ဝ ကြာမျှ နေထိုင်ကာ စမ်းသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
၂ဝ၁၇ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ၏ပထမဆုံးသော ကုန်တင်အာကာသယာဉ်ဖြစ်သည့် တီယန်ကျို-၁ အာကာသယာဉ်သည် တီယန်ကောင်-၂ အာကာသယာဉ်နှင့် ချိတ်ဆက်မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment