ယခုရက်ပိုင်း ဆောက်လုပ်ရေး ဈေးကွက်အတွင်း ဘိလပ်မြေဈေး နှုန်းများမှာ တစ်အိတ်လျှင် ယခင်က ကျပ် ၅၈၀၀ ရှိခဲ့ရာမှ လက်ရှိဈေး ကွက်အတွင်း ဘိလပ်မြေတစ်အိတ် လျှင် ကျပ် ၅၄၀၀၊ အုတ်ဈေးနှုန်း များမှာ ကျပ် ၁၂၀ ရှိပြီး ကျောက် ဈေးနှုန်းမှာ ယခင်ကတစ်ကျင်းလျှင် ကျပ် ၄၈၀၀၀ မှ လက်ရှိတွင် ကျပ် ၄၂၀၀၀ ၊သဲတစ်ကျင်းလျှင် ယခင်က ကျပ် ၁၂၀၀၀ မှ လက်ရှိတွင် ကျပ် ၈၀၀၀ အထိ ထပ်မံကျဆင်းလျက်ရှိ ကြောင်း သိရသည်။
အစိုးရမှ ရပ်ဆိုင်းထားသည့် အဆောက်အအုံတော်တော်များများ အား ပြန်လည်ခွင့်ပြုခဲ့သော်လည်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များထံ တွင် ယခင်ဝယ်ယူထားသည့် အိမ် ဆောက်ပစ္စည်းများကျန်ရှိနေခြင်း၊ မိုး ရာသီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်း များရပ်နားထားခြင်းကြောင့် ဆောက် လုပ်ရေးပစ္စည်းဈေးကွက်တွင် အရောင်း ၀ယ်အေးစက်လျက်ရှိကာ ယင်းကဲ့ သို့ အရောင်းအ၀ယ်အေးစက်နေခြင်း ကြောင့် ဈေးနှုန်းများမှာ ထပ်မံကျ ဆင်းနေကြောင်း သိရသည်။
မြန်မာ့ဖွံ့ဖြိုးရေးအိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးမှ ဆိုင်ပိုင်ရှင် က " မိုးတွင်းလည်းဖြစ်တယ်။ ခွင့်ပြု လိုက်တဲ့ အဆောက်အ အုံတွေ က လည်း သူ့ဖောက်သည်နဲ့သူဆိုတော့ အရောင်းအ၀ယ်က အေးတယ်။ကိုယ့်အိမ်ပြင်ဖို့ လာဝယ်တာတို့၊ ပိုင် ရှင်တွေစုပြီးပြင်ချင်လို့ လာဝယ်တာ လောက်ပဲရှိတယ်။ အရောင်းအ၀ယ် မကောင်းတော့ ဈေးတွေက ကျပြီး ရင်း ကျနေတယ်"
ဟု စက်တင်ဘာ ၁၈ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
လက်ရှိဆောက်လုပ်ရေးပစ္စည်း ဈေးကွက်တွင် ရိုးရိုးအိမ်ပြင်ချင်သူ များ၊ အိမ်ပိုင်ရှင်တွေစုဖွဲ့ကာ တိုက် ခန်းများပြုပြင်ရန် ၀ယ်ယူသူများသာ အရောင်းအ၀ယ်ရှိကြောင်းသိရသည်။
ဒေါ်ငွေဝင်းနှင့်သားများ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ ထုံး၊ ရောင်း ၀ယ်ရေး မှ ကိုစိုးသန်းက " အရင်နှစ် မိုးတွင်းတုန်းက အရောင်း အ၀ယ် က အေးပေ မယ့် သူ့ဟာနဲ့သူ ရောင်းရ တယ်။ ဒီနှစ်မိုးတွင်းက အရောင်း အ၀ယ်က အေး တယ်။ ဈေးတွေက တော်တော်ကျသွားတယ် " ဟု ပြော သည်။
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များအ နေဖြင့် ဘိလိပ်မြေများကို ထိုင်းနိုင်ငံ မှ မှာယူတင်သွင်းပြီး အုတ်များကို ဆားပုလင်း၊ တိုက်ကြီး၊ လှော်ကား၊ နေပြည်တော်၊ ကျောက်စလစ်များ ကို မြန်မာနိုင်ငံ အထက်ပိုင်း အညာ ဒေသများ၊ သဲများကို မှော်ဘီ၊ ပင် လယ်ဝမှထုတ်ယူ မှာယူပြီးရောင်းချ လျက်ရှိကြောင်း သိရသည်။
Credit To >>> Democracy Today
0 comments:
Post a Comment