ရန်ကုန်ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ပြင်ပတွင်ေ၇ာင်းချနေသော လူနေတိုက်ခန်းများကို ၀ယ်ယူနိုင်ရန်အတွက်မကြာခင်စီစဉ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိည်။
အတွက် ဘဏ်မှချေးငွေယူနိုင်မည့် အသေးစိတ်အစီအစဉ်ကို မကြာခင် ကြေငြာပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှဒါရိုက်တာ ဦးဝင်းဇော်ကဆိုသည်။
ကိုယ်ရဲ့ဝင်ငွေနဲ့ မျှတမဲ့ကိုယ်ဝယ်မဲ့အိမ်ကို ရည်၇ွယ်ထားပါ ဘယ်နားမှာဝယ်မယ် ဘယ်လောက်တန်လဲဆိုတာမျိုးပေါ့ ဒီလိုမျိုး ငွေချေးလို့ရမဲ့အစီအစဉ်တွေကို ဘဏ်ကနေ အများပြည်သူသိအောင်ချပြပေးသွားမယ် " ဟုဦးဝင်းဇော်ကဆိုသည်။
အဓိကအားဖြင့် ဘဏ်ချေးငွေ ၊ အတိုးနှုန်း နှင့်လစဉ်အလိုက် ချေးငွေ ဆပ်ရမည့် ပမာဏတို့အား ဘဏ်မှ တွက်ချက်ပေးမည်အစီအစဉ်ကို မကြာမှီ ကြေငြာပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းဇော်ကပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ လက်ရှိတွင် ၀န်ကြီးဌာနများမှ တည်ဆောက်နေသည့် အိမ်ရာစီမံကိန်းများကို နှစ်ရှည် အစီအစဉ်ဖြင့် ချေးငွေထုတ်ချေးလျှက်၇ှိသည်
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ လက်ရှိတွင် ထုတ်ချေးထားသော ငွေစုစုပေါင်းကျပ် ၁၃၀ ဘီလီယံကျော် ရှိ ကြောင်း သတင်းထုတ်ပြန်ထား သည်။
၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်၏ဘဏ်လိုင်စင်ရရှိပြီး မြန်မာနိုင်ငံ ၏ ပထမဆုံးအိမ်ရာတည်ဆောက် နိုင်ကာ အိမ်ဝယ်လိုသူများကို ငွေ ချေးခွင့်လိုင်စင်ရရှိထားသည်။
Credit To >>> iMyanmar House
Thursday, September 8, 2016
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှပုဂ္ဂလိကမှရောင်းချသော လူနေအခန်းများဝယ်ယူနိုင်ရန်အတွက်စီစဉ်ပေးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment