Friday, September 16, 2016

တောင်တရုတ်ပင်လယ်တွင်း ကင်းလှည့်လေ့ကျင်မှုများကို အမေရိကန်နှင့် တိုးမြှင့်လုပ်ဆောင်ရန် ဂျပန်စီစဉ်

ဂျပန်နိုင်ငံသည် ပြိုင်ဆိုင်မှုပြင်းထန်သော တောင်တရုတ်ပင်လယ်ပြင်တွင် အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးတွဲကင်းလှည့်လေ့ကျင့်ရေး လုပ်ဆောင်မည်ဖြစ်ပြီး နှစ်နိုင်ငံကြားနှင့် ဒေသတွင်း ရေတပ်များနှင့်အတူ နိုင်ငံများကြား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက ကြာသပတေးနေ့တွင် ပြောကြားသည်။ ၀ါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာတွင် မိန့်ခွန်းပြောကြားရာ၌ အီနာဒါက တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုအပေါ် အမေရိကန်၏ စိုးရိမ်မှုများကို သိရှိသည့်အတွက် ဂျပန်နိုင်ငံက ယင်းဒေသတွင် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဂျပန်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုရှိနေသည်။ အီနာဒါက "ပြောရမယ်ဆိုရင် စည်းမျဉ်းစည်းကမ်းကိုအခြေခံသော နိုင်ငံတကာရေပြင်ပိုင်ဆိုင်မှုကိုကိုင်စွဲထားသည့် အမေရိကန်ရေတပ်၏ ရေကြောင်းလွတ်လပ်ခွင့်စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် ထောက်ခံပါတယ်။" ဟုပြောသည်။



Credit To >>> Democracy Today

0 comments:

Post a Comment