Monday, August 29, 2016

နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ရန် တရုတ်အစိုးရတောင်းဆိုထား

 နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် နယ်စပ်ကုန်သွယ် ရေးစခန်းများ အသစ်တိုးချဲ့ဖွင့် လှစ်သွားရန်တရုတ် အစိုးရက တင်ပြတောင်းဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

သြဂုတ် ၂၄ ရက်က နေပြည် တော်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း  ၀ယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး H.E.Madam Gao Yan ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးသန်းမြင့်နှင့်တွေ့ဆုံပြီး ကုန်သွယ်ရေးစခန်းများ တိုးမြှင့် ဖွင့်လှစ်ရန် တရုတ်အစိုးရဘက်က တင်ပြတောင်းဆိုထားကြောင်း ဦးခင်မောင်လွင်ကပြောသည်။
‘‘သူတို့ဘက်က ကုန်သွယ် ရေးစခန်းတွေထပ်ဖွင့်ဖို့ ပြော တယ်။ကျွန်တော်တို့ကလည်း ဒါ ကိုစဉ်းစားနေပါတယ်’’ဟု ဦး ခင်မောင်လွင်ကဆိုသည်။

တရုတ်-မြန်မာကုန်သွယ် ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင် ရန် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ် မှု၊ နယ်စပ်ဒေသမှ တရားဥပဒေ စိုးမိုးမှုတို့လည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။
မြန်မာအခေါ်ကျိမ်စမ်းကျော့ ကုန်သွယ်ရေးစခန်းကို တရုတ် အစိုးရက အသစ်ထပ်မံဖွင့်လှစ် နိုင်ရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စု ၀န် ကြီးထံ တောင်းဆိုထားကြောင်း ဦးခင်မောင်လွင်က ပြောသည်။ ယင်းကုန်သွယ်ရေးစခန်းကို အ သစ်ဖွင့်လှစ်နိုင်မည်ဆိုပါက မူ ဆယ်(၁၀၅ မိုင်ကုန်သွယ်ရေးဇုန်)တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ ကျနိုင်ကြောင်း မူဆယ်မြို့မှ ကုန် သည်အချို့ကပြောသည်။
မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည် ခရီးစဉ်တွင် သိန်းနီ၊ ချင်းရွှေဟော် လမ်းရှိ ကွမ်းလုံတံတားကို တရုတ်အစိုးရက ဦးဆောင်တည် ဆောက်ပေးရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတရုတ်-မြန်မာနှစ် နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးစခန်း လေးခုရှိပြီး တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နယ်နိ မိတ်ချင်း ထိစပ်နေသော မူဆယ် မြို့ရှိ ကုန်သွယ်ရေးစခန်းသည် နှစ်နိုင်ငံကုန်သွယ်မှုကို အများဆုံး ဖြစ်သည်။ ယခုဘဏ္ဍာနှစ်လေးလ ကျော်အတွင်း မူဆယ်မြို့ကုန် သွယ်ရေးစခန်း၏ကုန်သွယ်မှု ပမာဏသည် အမေရိကန် ၁ ဒသမ ၇ ဘီလီယံကျော်ရှိသည်။ အခြားသော နယ်စပ်ကုန်သွယ် ရေးစခန်းသုံးခုဖြစ်သည့် ချင်းရွှေ ဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများတွင် ချင်း ရွှေဟော်သည် အများဆုံးဖြစ်နေ ပြီး ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ သန်းနှစ်ရာကျော်ရှိ သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment