Thursday, August 25, 2016

ကမ္ဘာ့အကြီးဆုံး လေသင်္ဘောကြီး ဒုတိယအကြိမ်စမ်းသပ်ပျံသန်းစဉ်ပျက်ကျ


ကမ္ဘာ့အကြီးဆုံးလေသင်္ဘောသည် အင်္ဂလန်နိုင်ငံတွင် ပျက်ကျခဲ့ရာ လေယာဉ်မောင်းခန်းပျက်စီးခဲ့ရကြောင်း၊ ယင်းလေသင်္ဘောကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် ရက်သတ္တတစ်ပတ်မျှသာ ကြာမြင့်သေးချိန်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

ဟေလီယမ်ဓာတ်ငွေ့သုံး လေသင်္ဘောကြီးသည် ကြေးနန်းတိုင်တစ်တိုင်ကို ဝင်တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသော်လည်း အတည်ပြုခြင်းမရှိပေ။

အဲလန်ဒါ (၁ဝ) အမည်ရှိ လေသင်္ဘောသည် ပေ ၃၂ဝ အရှည်ရှိသည်။ အလေးချိန် ၁ဝ တန်အထိ သယ်ဆောင်နိုင်သော လေသင်္ဘောသည် အင်္ဂလန်ဘက်ဖို့ဒ် ရှိုင်းယားဒေသရှိ ကာဒင်တန်လေယာဉ်ကွင်း၌ ပျက်ကျခဲ့သည်။

အဲလန်ဒါလေသင်္ဘောကို တစ်စင်းလျှင်ပေါင်ငွေ ၂၅ သန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ လူလိုက်ပါသော ခရီးစဉ်ကို ငါးရက်ကြာမျှ ပျံသန်းနိုင်စွမ်းရှိသည်။

ဒုတိယအကြိမ် စမ်းသပ်ပျံသန်းစဉ်အတွင်း လေသင်္ဘောကြီးသည် ခေါင်းစိုက်ထိုးဆင်းသွားခဲ့ကြောင်း၊ လေသင်္ဘော၏ဝန်ထမ်းများအားလုံး ဘေးအန္တရာယ်ကင်း ရှင်းကြောင်း အဆိုပါလေသင်္ဘောကို တီထွင်ထုတ်လုပ်ခဲ့သော အိပ်ခ်ျအေဗွီ(မျိုးစပ်လေယာဉ်များ)အမည်ရှိ ကုမ္ပဏီ က ပြောကြားသည်။

အဆိုပါလေသင်္ဘောကို သြဂုတ် ၁၇ ရက်က ပထမ ဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့သည်။

၂ဝ၂၁ ခုနှစ်ထက် နောက်မကျဘဲ လေသင်္ဘော ၁ဝ စင်းအထိ တည်ဆောက်သွားရန် အိပ်ခ်ျအေဗွီ ကုမ္ပဏီက မျှော်လင့်ထားသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment