ခြင်မများသည် ဇီကာဗိုင်းရပ်စ်ပိုးကို သူတို့၏ ဥမှတဆင့် ပျံ့နှံ့စေနိုင်ကြောင်းနှင့် အရွယ်ရောက်ခြင်များကို သုတ်သင်ရန် ကြိုးပမ်းမှုသည် မအောင်မမြင်ဖြစ်နိုင်ကြောင်း သုတေသီများက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
တက္ကဆက်ပြည်နယ်၊ ဂယ်လ်ဗက်စတန်မြို့ရှိ တက္ကဆက်ဆေးပညာဆိုင်ရာ တက္ကသိုလ်မှ သုတေသီများက ခြင်မများသည် ခြင်ဥမှတဆင့် ရောဂါပျံ့နှံ့စေနိုင်ခဲ့မည်ဆိုပါက သွေးလွန်တုပ်ကွေးနှင့် အသားဝါရောဂါပိုးပါ ကူးစက်နိုင်သည့် အနေအထားရှိမရှိသလိုကြသည်ဟုဆိုသည်။ ဓါတ်ခွဲခန်းထဲတွင် ဇီကာဗိုင်းရပ်စ်ပိုးကို ခြင်များထံ ထည့်သွင်းပေးခဲ့သည်။ သီတင်းတစ်ပတ်အတွင်း ခြင်များကို မွေးမြူခဲ့ပြီး ဥချစေခဲ့သည်ဟုဆိုသည်။ သုတေသီများသည် ခြင်ဥများကို ဖောက်ခဲ့ပြီး ပိုးလောက်လန်းအဖြစ် ရောက်ရှိစေခဲ့သည်။ အဆိုပါ ခြင်များကို ပြုလုပ်ခဲ့သော စမ်းသပ်မှုအရ ခြင်ကောင်ရေ ၂၉၀ တွင် တစ်ကောင် သည် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသည်။
Credit To>>> Democracy Today
Tuesday, August 30, 2016
ဇီကာဗိုင်းရပ်စ်ပိုးသည် ခြင်ဥမှတဆင့်ပျံ့နှံ့နိုင်ကြောင်း လေ့လာမှုတစ်ရပ်တွင် တွေ့ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment