စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊မြို့မဈေးကြီးအနီး၊အောင်မြေမာန် ရပ်ကွက်၊ဗိုလ်ချုပ်လမ်းမပေါ် ရှိ့ရွှေဝါလင်း ရွှေ ဆိုင်ကိုမတ်လ (၁၀)ရက် နေ့နံနက်(၉)နာရီဝန်းကျင်တွင်သေနတ်ကိုင် အကျီင်္အပြာ ဝတ်၊မျက်နှာ အပြာရောင်အဝတ်စည်း (အသက် သုံးဆယ်ဝန်းကျင်) လူ တစ်ဦးက ရွှေ ဆိုင်ကောင်တာ ကိုသေနတ်ဖြင့်ရိုက်ခွဲကာရွှေ ထည်ပစ္စည်းများလုယူ ထွက်ပြေး မှု တစ်ခုဖြစ်ပွား ခဲ့သည်။
ယင်းဖြစ်ပွားခဲ့မှုကိုကလေးခရိုင်ရဲ တပ်ဖွဲမှူးဦးတင်ဇော်ထွန်းလမ်းညွန်မှုဖြင့် ခရိုင်၊မြို့နယ် ရဲတပ်ဖွဲ့များနှင့် ဒေသခံလူမှု အဖွဲ့များ ၊ဝိုင်းဝန်းပိတ် ဆို့ဖမ်းဆီးခဲ့ရာနေ့လည်(၁၁)နာရီတွင်ကလေးမြို့တောင်ဖက်နတ်ချောင်းကျေး ရွာအနီးတွင်တရားခံကို ပစ္စည်းများနှင့် အတူဖမ်းဆီးနိုင် ခဲ့ကြောင်း ကလေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးဝေလွင်ဖြိုး ကပြောသည်။
တရားခံကဆူပါကပ်ဆိုင်ကယ်နဲ့သေနတ်ပါတယ်ဆိုတော့ဝင်မဖမ်း ရဲကြ ဘူး၊တစ်ကိုယ်တော်သေနတ်ပြ လုယက် တာဖြစ်ပါတယ်၊ရွှေဆိုင် ကရွှေဆွဲ ကြိုးနားကပ်ရောင်းတဲ့ပစ္စည်းတွေ(၇ဝ)ကျပ်သားဝန်းကျင် ခေတ်ကာလပေါက်ဈေး ကျပ်သိန်း(၄၀၀)ဝန်းကျင်လုယက်ခံရတာဖြစ် ပါတယ်၊”ဟုရွှေ ဆိုင်ပိုင်ရှင်ဒေါ်ခင်လင်းကပြောသည်။
ယခုလုယက်ခံရသည်ရွှေဆိုင်မှာယခင်သုံးလေးနှစ်ကာလကရွှေဆိုင် ဖေါက်ထွင်းခိုးယူခံရမှုဖြစ်ခဲ့ဘူးပြီး ယခုလုယက်မှုသည် ဒုတိယအကြိမ် ဖြစ် သည်။ယင်း မှုခင်းဖြစ်ပွားရာသို့ကလေးခရိုင်၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အဖွဲ့များ၊တာဝန်ရှိ့များ အထက်ချင်းတွင်းလူငယ်ကွန်ယက် အဖွဲ့များ၊လူမှု အဖွဲ့များအချိန်နှင့်တပြေး ညီကူညီဆောင်ရွက်ပေးခဲ့
ကြောင်း ဦးကြည် ရအောင် (ဒေသခံ)ကပြော သည်။
ကြောင်း ဦးကြည် ရအောင် (ဒေသခံ)ကပြော သည်။
-“လုယူသွားတဲ့ပစ္စည်းတွေအားလုံးပြန်ရခဲ့ပါတယ်၊နတ်ချောင်းကျေး ရွာဖက်ကနေချင်းတောင် နယ်စပ်ဖက်ကိုပြေးဖို့ ရာမှာကျွန်တော်တို့ ရဲတပ်ဖွဲ့တွေကဝိုင်းဝန်းဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်၊အခုဆက်ပြီးလို အပ်သလိုအမှုဖွင့်အရေး ယူဖို့ဆောင်ရွက်နေပါတယ်၊”ဟုကလေး မြို့မရဲစခန်းမှတာဝန်ရှိ့ကပြောသည်။
ကလေးမြို့ဗိုလ်ချုပ်လမ်းရွှေဝါဝင်းရွှေဆိုင်ကိုသေနတ်ပြလုယက်သွား သူမှာ ဂန့်ဂေါနယ် ကျွန်းခုံသာရွာနေ ဦး*** (၃၄)နှစ်ဖြစ်ပြီး ယင်းနှင့် ဆက်စပ် အကြောင်းအရာများကိုဖေါ် ထုတ်အရေးယူနိုင်ရန်ဆောင် ရွက်လျှက် ရှိ့ကြောင်းသိရသည်။
-“ကျွန်တော်တို့အသေးစိတ်စစ်ဆေးပြီးမှပုဒ်မတပ်ရမှာပါ၊အခုသာမန် ပြောနိုင်တာ ကတော့သေနတ်ပါတယ် ၊လုယက်တယ် ၊ထွက်ပြေးတယ် ဆိုတာပေါ့ ၊မျက်မြင်တော့အဖေါ်မပါဘူး၊ဒါပေမယ့်၊ဘယ်ကနေဘယ် သွားမယ်၊ ဘာလုပ်မယ် ၊ဘယ်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာရှိ့သေး တယ်၊”ဟု ကလေးမြို့မြို့မရဲစခန်းမှတာဝန်ရှိ့ကပြောသည်။
Credit To >>> Democracy Today
0 comments:
Post a Comment