မောင်းသူမဲ့
လေယာဉ်ငယ် အမျိုးအစားကို ဒီနေ့ခေတ်မှာတော့ ဒရုန်း (drone) လို့
ခေါ်ဆိုသတ်မှတ် ခဲ့ကြတယ်။ မြေပြင်ကနေ ကွန်ပျူ တာ ထိန်းချုပ်စနစ်နဲ့
ထိန်းကျောင်း ယူကာ ပျံသန်း သွားလာ နိုင်စေတဲ့ လေယာဉ် အမျိုးအစား ဖြစ်တယ်။
ယေဘုယျအားဖြင့် ဒီလိုမောင်းသူ မဲ့ပျံသန်းနိုင် တဲ့ လေယာဉ်မျိုး
တည်ဆောက်လိုတဲ့ စိတ်ကူးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက
စခဲ့တယ်လို့ ရေးသာ ဖော်ပြကြပေမယ့် တကယ်တမ် လေ့လာ စမ်းစစ်ကြည့်တဲ့အခါ ၁၈၄၉
ခုနှစ်က သြစတြေးလျနိုင်ငံ အနေနဲ့ ဗင်းနစ်မြို့ကို တိုက်ခိုက်ဖို့
မိုးပျံပူဖောင်းကြီးကို အသုံးချခဲ့တာကို အကြောင်းပြုပြီး မောင်းသူမဲ့
လေယာဉ်မျိုးတီထွင်ဖို့ စိတ်ကူးပေါ်ပေါက်ခဲ့တာလို့
သိရတယ်။ မောင်းသူမဲ့
လေယာဉ် (unmanned aerial vehicle) အသုံးပြုဖို့ ကိစ္စကို စစ်ရေးစစ်ရာ
ကိစ္စတွေက အစပြုခဲ့တယ် လို့ပင် မှတ်သားစရာဖြစ်ခဲ့တယ်။ ပထမကမ္ဘာစစ် ကာလ အတွင်း
ဝေဟင်က ကျဲချယူတဲ့ကော်ပီတိုများနဲ့ မောင်းသူမဲ့ တိုက်ပွဲဝင်
မော်တော်ယာဉ်များ အသုံးပြုခဲ့ကြသလို ဒုတိယကမ္ဘာ စစ်ကာလအတွင်း နာဇီစစ်တပ်
ကမောင်းသူမဲ့ လေယာဉ်များကို စမ်းသပ်အသုံးပြုခဲ့ကြတဲ့ သမိုင်းကြောင်းက
ပြဆိုထားတာကို လေ့လာ သိရှိကြရတယ်။
၂၁ ရာစုနှစ်ကို ရောက်တဲ့အ ခါ
သေးငယ်တဲ့ လေယာဉ်ပုံစံလေး များကို မြေပြင်မှ ထိန်းချုပ်ပြီး ပျံ သန်းစေတဲ့
နည်းပညာလေးများ ထွန်းကားလာတယ်။ ပျားပိတုံးအ ရွယ်အစားလောက် ရှိတဲ့
ပုံစံမျိုးကို တည်ဆောက်ရာကစပြီး ကွန်ပျူ တာစနစ်နဲ့ ထိန်းချုပ်ပျံသန်းစေ တဲ့
လေယာဉ်အသေးစားလေးများကို ဒရုန်း (drone) လို့ ခေါ်ဆို လိုက်ကြတာ ဖြစ်တယ်။
နောက်ဆုံးကြီးမား တဲ့ UAV (unmanned aerial vehicle) မောင်းသူမဲ့ လေယာဉ်
များ ကိုလည်း drone လို့သာ ခေါ်ဝေါ် ပြောဆိုကြတော့တယ်။ စစ်ဘက်ဆိုင်ရာသုံး
ဒရုန်းတွေ ရှိသ လို လုပ်ငန်းစီးပွားသုံးဒရုန်းတွေ ရှိနေတဲ့အပြင် မီဒီယာနဲ့
ဖြေဖျော် ရေး ဆိုင်ရာ ဒရုန်းတွေလည်း ရှိလာကြတယ်။ အခုအခါ ဒရုန်းနည်းပ ညာကို
ကျယ်ကျယ်ပြန့်ပြန့်အသုံး ပြုလာကြတဲ့အတွက် ဒရုန်းကို စစ်ရေးစစ်ရာ အတွက်သာ
အသုံး ပြုတဲ့ နည်းပညာလို့ မဆိုနိုင်တော့ ပေ။ မောင်း သူမဲ့ လေယာဉ်ငယ်
လေးတွေက လူသားတွေကို အကျိုးပြုစေမယ့် ပုံစံအသီးသီးနဲ့ ရှိ နေကြပါပြီ။
မောင်းသူမဲ့ လေယာဉ်တည် ဆောက်မှု နည်းပညာကို အမေရိ ကန် နိုင်ငံအနေနဲ့ ၁၉၅၅
ခုနှစ် ရောက်မှသာ စတင် အသုံးချဖို့ ဖြစ် လာခဲ့ပေမယ့် ၁၉၅၉ ခုနှစ်
နောက်ပိုင်း ခေတ်ကာလတွေမှာ ဒရုန်းနည်းပညာနဲ့ပတ်သက်ပြီး အခြားနိုင်ငံများထက်
ဖြတ်ကျော်တက်ပြီး အအောင်မြင်ဆုံး ထုတ်လုပ်မှုတွေ လုပ်နိုင်ခဲ့တယ်။
အထူးသဖြင့် ဗီယက်နမ်စစ်ပွဲများတွင် အမေရိ ကန်နိုင်ငံက မောင်းသူမဲ့လေယာဉ်
ကို ထုတ်သုံးခဲ့တယ်။ ဒရုန်းဆိုတဲ့ မောင်းသူမဲ့ လေယာဉ်ငယ်လေး တွေကို အခုအခါ
လူသုံးကုန်ပစ္စည်းတစ်ခုသဖွယ် အသုံးချနိုင်ခွင့်တွေ ရှိနေတဲ့အတွက်
ဒရုန်းထုတ်လုပ်သူတွေက ပုံစံသဘာဝအမျိုးမျိုးနဲ့ အသုံးချနိုင်စေဖို့ ထုတ်လုပ်
ရောင်းချနေကြတယ်။ ဒီအတွက် မကြာသေးခင်က ဒရုန်းပိုင်ဆိုင်ပြီး
အသုံးပြုသူများကို မှတ်ပုံတင်နိုင်စေဖို့ အမေရိကန်နိုင်ငံ အစိုးရက
စီစဉ်ဆောင်ရွက်နေပြီ ဖြစ်တယ်။ တားမြစ်နယ်မြေတွေမှာ ဒရုန်းမဲ့ ဇုန်အနေနဲ့
ဆိုင်းဘုတ်ထောင်ထား နိုင်ဖို့အထိ အစီအစဉ်တွေ ပြုလုပ်နေကြတယ်။
စစ်ရေးစစ်ရာအတွက် အသုံးမပြုတဲ့ Non-Military Drones တွေ ထုတ်လုပ်ကြပုံများက
တစ်နေ့ထက်တစ်နေ့ ပိုပြီးစိတ်ဝင်စားစ ရာ ကောင်းလာတယ်။ လုပ်ငန်း ကိစ္စတွေမှာ
စမ်းသပ်အသုံးပြုမှု တွေ ရှိသလို မီဒီယာကိစ္စတွေမှာ လည်း တွင်တွင်ကျယ်ကျယ်
အသုံး ပြုနေကြပြီ ဖြစ်တဲ့ အတွက် ဒရုန်း ခေတ်ပြောင်း တော်လှန်ရေးများ စတင်
ဆင်နွှဲနေပြီလားလို့ ယူဆရ တော့မလို မြင်တွေ့နေကြရတယ်။ အများဆုံး ဒရုန်းတွေက
multi motor ပုံစံလို့ ဆိုကြပေမယ့် များသောအားဖြင့် quadrotors ဆိုတဲ့
ပန်ကာလေးလုံးတပ်ပုံစံနဲ့ ထုတ် လုပ်ကြတယ်။
၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက်
နေ့က နိုင်ငံတကာ ဒရုန်းနေ့ ဆိုပြီး နော်ဝေးနိုင်ငံမှာ ကျင်းပတဲ့အထိ
ဒရုန်းနည်းပညာ ခေတ်စားလာ တယ်။ ဟော်လန်နိုင်ငံမှာရှိတဲ့ ဒယ်လ်စက်မှုတက္ကသိုလ်က
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်က သူနာပြုလုပ်ငန်းသုံး ဒရုန်း အဖြစ်
Ambulance Drone ကို မိတ်ဆက် တင်ပြပေးခဲ့တယ်။ ၉ ပေါင်နီးပါး
အလေးချိန်ရှိတဲ့ အရေးပေါ်သူနာပြုလုပ်ငန်း ပြုလုပ်နိုင် မယ့် ဆေး
ပစ္စည်းကိရိယာများကို သယ်ဆောင်ပြီး နှလုံးရောဂါ အသည်းအသန် ဖြစ်နေ တဲ့ဆီကို
ပို့ပေးတဲ့ သရုပ်ပြမှုဖြစ်တယ်။ ဒရုန်းမှာ defibrillator လို့ ခေါ်တဲ့
နှလုံးခုန်တားစက် အသင့်တပ်ဆင်တည် ဆောက်ထားတဲ့ သဘောဖြစ်တယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်က Crocs Footwear
ကုမ္ပဏီက ဒရုန်း နဲ့ ဝယ်ယူထားသူဆီကို ဖိနပ်ပို့ပေးတဲ့ လုပ်ငန်းမှာ
အောင်မြင်စွာ အ သုံးချပြသခဲ့တယ်။ ဂျာမနီနိုင်ငံမှာ DHL
ပစ္စည်းနဲ့ပါဆယ်ပို့ဆောင် ရေးလုပ်ငန်းက ၂၀၁၄ ခုနှစ်ကစ ပြီး ဒရုန်းများနဲ့
လုပ်ဆောင်နေပြီ ဆိုတဲ့ သတင်းတစ်ရပ်လည်း ရှိခဲ့ ပြန်တယ်။
အမေရိကန်နိုင်ငံ နယူး ယောက်မြို့ရဲ့ မီးသတ်ဌာနက ၂၀၁၄ ခုနှစ် မတ်လက မီးလောင်
နေတဲ့ နေရာကို သိရှိနိုင်ဖို့ ကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းကို အသုံးချပြီး
မီးငြိမ်းသတ်နိုင်ခဲ့တဲ့သတင်းကလည်း ကင်မရာ တပ်ဆင်ထားတဲ့ ဒရုန်းရဲ့အသုံး
ပြုဝင်ပုံကို သရုပ်ပြသလို ဖြစ်သွားစေတယ်။ တရုတ်နိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်
အောက်တိုဘာလက fashion drone လို့ အမည်တွင်စေတဲ့ ဒရုန်းနဲ့ ဘီဂျင်းမြို့မှာ
China Fashion Week ကို ကျင်းပခဲ့တယ်။ ဗီဒီယိုကင်မရာ နဲ့ မော်ဒယ်များရဲ့
ကိုယ်ဟန်ပြမှုများကို ရုပ်မြင်သံကြားက တစ်ဆင့် လွှင့်ထုတ်ပြခဲ့တယ်။
အင်ဒိုနီးရှားနိုင်ငံ မီးတောင်ပေါက်ကွဲမှုကို လေ့လာဖို့ ဒရုန်းကင်မရာနဲ့
ရိုက်ကူး တင်ဆင်နိုင်ရာက Volcano drone ဆိုတဲ့ ဝေါဟာရ ဖြစ်လာ ရတယ်။
ပြင်သစ်ကုမ္ပ ဏီနဲ့ ဂျပန်ကုမ္ပဏီတို့ ပေါင်းစပ် ပြီး Rolling Spider လို့
အမည်ပေး ထားတဲ့ mini-drone လေးများ ကို ထုတ်လုပ်ရောင်းချခဲ့ တယ်။
စမတ်ဖုန်းနဲ့ ထိန်းချုပ်ဆောင်ရွက် နိုင်တဲ့ အတွက် လူကြိုက်များကြတယ်။
အားကစားပွဲများကို ရိုက်ကူး တင်ဆက်ရာမှာလည်း ဒရုန်းများကို
အသုံးချနိုင်လာတယ်။ ဘောလုံးပွဲတို့ ၊ ဘေ့စ်ဘောပွဲတို့ အပြင်
အခြားပြိုင်ပွဲများမှာလည်း ဒရုန်းကင်မရာနဲ့ အသုံးချတင်ဆက်မှုတွေ
ပြုလုပ်ကြတယ်။
ပီရူးနိုင်ငံမှာ ရှေးဟောင်းသု တေသန လုပ်ငန်းနဲ့
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ Science drone ဆိုတဲ့ အမည်နဲ့
လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက အသုံး ချခဲ့တယ်။ ပြင်သစ်နိုင်ငံအနေနဲ့
Science drone များကို စပျစ်ခြံ အတွက် အသုံးပြုသလို ငှက်ပုံသဏ္ဌာန် အတိုင်း
ဖန်တီးထားတဲ့ Bionic Bird တွေ ထုတ်လုပ် ရောင်းချတာကို တွေ့ကြရတယ်။
ရေကြောင်း ကိစ္စအတွက် ဆွီဒင်နိုင်ငံက ရွက်လှေပြိုင်ပွဲကြည့်ရှုစစ်ဆေးဖို့
ဒရုန်းကို အသုံးပြုရင်း Sailing drone များ ပေါ်ပြူလာ ဖြစ်လာတဲ့
မှတ်တမ်းတွေလည်း ရှိပါသေးတယ်။ ဆင့်ကဲဖြစ်စဉ်တွေနဲ့အတူ ဒရုန်းနည်းပညာ
ထွန်းကားမှုနှုန်းထားက မြင့်တက်လာပြီ ဖြစ်ကြောင်း တစေ့တစောင်း
တင်ပြလိုက်ရပါတယ်။
Credit To >>> Internet Journal
Friday, November 20, 2015
"အဆင့်ဆင့်မြင့်တက်လာတဲ့ ဒရုန်းနည်းပညာ"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment