ဂျပန်နိုင်ငံဟာ ကနေဒါနိုင်ငံမှ ဂြိုဟ်တုကို လွှင့်တင်ပေးခဲ့ပါတယ်။
အမျိုးသားအာကာသအစီအစဉ်အရ လွှတ်တင်လိုက်တာဖြစ်ပြီး၊ ဥရောပ
နဲ့ ရုရှားက လွှမ်းမိုးထားတဲ့ ဈေးကွက်ထဲကို ဝင်ရောက်ရန်ကြိုးပမ်းခြင်း
လည်းဖြစ်ပါတယ်။
Mistsubishi အကြီးစားစက်မှုလုပ်ငန်းနဲ့ ဂျပန်အာကာသလေ့လာရေး
အေဂျင်စီက ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ အာကာသစင်တာမှာ
လွှတ်တင်လိုက်တဲ့ ဒီဂြိုဟ်တုကို ကြီးကြပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံက H-IIA ဒုံးပျံ ဟာ မူလက ၃နာရီ ၂၃ မိနစ်မှာ လွှတ်တင်ဖို့စီစဉ်ထားပေမယ့် ၊အာကာသစခန်းနားကို လှေငယ်တစ်စင်းရောက်လာတာ
ကြောင့် မူလရည်ရွယ်ထားတာထက် မိနစ် ၃၀ နောက်ကျပြီးမှ လွှတ်တင်
ခဲ့ပါတယ်။
H-IIA ဒုံးပျံ ကို မွန်းလွဲ ၃နာရီ ၅၀မိနစ်က အောင်မြင့်စွာ လွှတ်တင်နိုင်ခဲ့
တာ ဖြစ်ပြီး၊ TELESTAR ဆက်သွယ်ရေးနဲ့ အသံလွှင့်ဂြိုလ်တုတို့ကိုလည်း
သယ်ဆောင်သွားပါတယ်။ထွက်ခွာပြီးနောက် ၄ နာရီခွဲကြာတဲ့အခါမှာ
ဆက်သွယ်ရေးနဲ့ အသံလွှင့်ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းထဲကိုလွှတ်တင်
မှာဖြစ်ပြီး တော့ TELESTAR ဆက်သွယ်ရေးနဲ့ အသံလွှင်ဂြိုဟ်တုဟာ
ကနေဒါနိုင်ငံ ဂြိုဟ်တုလုပ်ငန်း Telesat အတွက်ဖြစ်ပါတယ်။
ဂြိုဟ်တုလွှတ်တင်တဲ့ စီးပွားရေးမှာ ဂျပန်က အဓိကဇာတ်ကောင်ဖြစ်ချင်
နေ၏ပါတယ်။ ဒီအတွက်လည်းယှဉ် ပြိုင်စွမ်းရှိပြီး၊ ကုန်ကျစရိတ်သက်သာ
တဲ့ ဒုံးပျံတွေစေလွှတ်ရေးကို ကြိုးပမ်းနေပါတယ်။
Credit To >>> SFJ News
Wednesday, November 25, 2015
ဂျပန်က ပထမဆုံးဂြိုဟ်တုလွှင့်တင်ရေးလုပ်ငန်းအဖြစ် ကနေဒါနိုင်ငံမှ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ပေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment