Wednesday, November 11, 2015

ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ သူရ ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ နှင့် သီးခြား စီ တွေ့ဆုံဆွေးနွေးရန် စာပေးပို့ တောင်းဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္က ဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူး ကြီး မင်းအောင်လှိုင် တို့ နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေး နိုင်ရန် နိုဝင်ဘာ ၁၀ ရက် ရက်စွဲဖြင့် စာပေးပို့ တောင်းဆိုခဲ့ကြောင်းသိရသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက် က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ တွင် နေရာ အများစု အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အနေဖြင့် အစိုးရ အကူးအပြောင်းတွင် ညင်သာ ချောမွေ့စွာ ဆောင် ရွက်နိုင် ရန် အတွက် သက်ဆိုင်ရာခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရှိရန် စာပေးပို့ တောင်းဆိုခြင်း ဖြစ်နိုင်ကြောင်း နိုင် ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သော စာ တွင် နိုဝင်ဘာ လ (၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲ မှ တစ်ဆင့် ဖော်ထုတ်ခဲ့သည့် လူထု၏ ဆန္ဒကို အကောင်အထည် ဖော်ခြင်းမှာ နိုင်ငံ ၏ ဂုဏ်သိက္ခာ နှင့် ပြည်သူပြည်သား များ ၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးအတွက် လွန်စွာမှ အရေးကြီးပါကြောင်း ယင်းကိစ္စ နှင့် ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထား ကို အခြေ ခံပြီး တွေ့ဆုံဆွေးနွေးလိုပါကြောင်း နှင့် လာမည့် အပတ်အတွင်း အဆင်ပြေ သည့် အချိန်တွင် လာရောက်တွေ့ဆုံ နိုင်ရန် စီစဉ်ပေးပါ ရန် မေတ္တာ ရပ်ခံပါကြောင်း ရေးသားကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ စာတစ်စောင် ၊ ပြည်ထောင်စု လွှတ်တော် နာယကထံ စာတစ်စောင် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ စာတစ်စောင် သီးခြားစီပေး ပို့ခဲ့ကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment