Friday, August 1, 2014

၃ ရက်ကြာ အပစ်အခတ်ရပ်စဲရန် အစ္စရေးနှင့်ဟားမတ်စ် သဘောတူ


ရက်သတ္တပတ် ၄ ပတ်လောက် တိုက်ခိုက်ခဲ့ကြအပြီး ၃ ရက်ကြာ အပစ်အခတ်ရပ်စဲကြဖို့ အစ္စရေးနဲ့ ဟားမတ်စ်တို သဘောတူလိုက်ကြပါတယ်။

၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လ ၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီက စတင်မှာဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ မနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

Gazaဒီအပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာပဲ အစ္စရေးနဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားရောက်ပြီး ရေရှည်အပစ်အခတ်ရပ်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အပစ်ရပ်ကာလအတွင်းမှာ သဘောတူညီချက်ကို တိတိကျကျလိုက်နာကြဖို့ နှစ်ဖက်စလုံးကို ကုလသမဂ္ဂ နဲ့ အမေရိကန်နိုင်ငံတို့က တိုက်တွန်းထားပါတယ်။

နှစ်ဖက်မြေပြင်တပ်တွေကတော့ လက်ရှိအနေအထားအတိုင်းပဲ ဆက်လက်ရှိနေကြမှာဖြစ်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က စတင်ခဲ့တဲ့ အစရေးပါလက်စတိုင်းတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ၁၅၀၀ လောက်သေဆုံးခဲ့ကြပြီး ၈၀ ရာခိုင်နှုန်းကျော်ဟာ အရပ်သားတွေဖြစ်ကြပါတယ်။

ပါလက်စတိုင်း ၆၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပြီး သေဆုံးသူ ၁၅၀၀ လောက်မှာ ၂၅၀ ကျော်ဟာ ကလေးတွေဖြစ်ကြပါတယ်။ အစ္စရေးဘက်ကတော့ စစ်သား ၅၆ ယောက်၊ အရပ်သား ၃ ယောက်သေဆုံးခဲ့ကြပြီး ဆယ်ဂဏန်းလောက် ဒဏ်ရာရခဲ့ကြပါတယ်။

၎ ပတ်အတွင်း လူထောင်နဲ့ချီပြီး သေဆုံးရတဲ့ ဒီပဋိပက္ခဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ဖြစ်ပွားနေတဲ့ ဒေသတွင်းမတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှုတွေ၊ မကြာခဏ ရန်လိုတိုက်ခိုက်နေမှု တွေနဲ့ ဂါဇာကို အစ္စရေးက ကုန်း၊ ရေ၊ လေပိတ်ဆို့ထားမှုတွေကြောင့် ဖြစ်ပွားရတာလို့ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး Valerie Amos က ဇူလိုင်လ ၃၁ ရက်နေ့က ပြောဆိုပါတယ်။

ဂါဇာမှာ လူဦးရေ ၁ ဒသမ ၈ သန်းနေထိုင်နေကြပြီး အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်း ကျော်ဟာ ကုလသမဂ္ဂရဲ့အထောက်အပံ့တွေနဲ့ နေထိုင်နေကြတာဖြစ်ပါတယ်။ လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်း ဟာ အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရပြီး တ၀က်ကျော်ဟာ ကုလသမဂ္ဂအစောင့်အရှောက်ခံ ကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment