Thursday, July 24, 2014

အိမ်ဖြူတော်မှာ ဆေးခြောက်သုံးစွဲခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ Snoop Dogg

ရပ်ပါကြီး Snoop Dogg ကို သူ့ရဲ့ဆေးခြောက်အပေါ်နှစ်သက်မှုကြောင့်လည်းလူသိများကြတာဖြစ်ပြီး အိမ်ဖြူတော်မှာ ဆေးခြောက်သောက်သုံးခဲ့တယ်လို့လဲသတင်းတွေထွက်ခဲ့ပါတယ်။ သူဟာ အမှတ် ၁၆၀၀ Pennsylvania ရိပ်သာ (အိမ်ဖြူတော်)က လုံခြုံရေးကို လှည့်စားခဲ့ပြီး ရေချိုးခန်းထဲမှာ ဆေးခြောက်လိပ်ထားတဲ့ဆေးလိပ်ကို သောက်သုံးခဲ့တာဖြစ်တယ်လို့ Snoop Dogg ကပြောပါတယ်။

Jimmy Kimmel ပါဝင်ထားတဲ့ YouTube ရဲ့အင်တာနက်စီးရီး တစ်ခုဖြစ်တဲ့ ‘Double G News Network’ နဲ့လုပ်တဲ့သူ့ရဲ့အင်တာဗျူးမှာ အင်တာဗျူးသူက ‘ခင်ဗျားအိမ်ဖြူတော်ထဲမှာဆေးလိပ်သောက်ဖူးလား’ လို့မေးခဲ့ပါတယ်။

အဲဒီ့အခါ ရပ်ပါကြီးက ‘ရေချိုးခန်းထဲမှာပါ။ အိမ်ဖြူတော်မှာမဟုတ်ပါဘူး။ ဒါပေမယ့်ရေချိုးခန်းထဲမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ‘ကျွန်တော်ရေချိုးခန်းခဏ၀င်လို့ရမလား’ လို့ပြောလိုက်တယ်။ သူတို့ (လုံခြုံရေးအဖွဲ့) ကနံပါတ် ၁ လုပ်မှာလား နံပါတ် ၂ လုပ်မှာလားလို့မေးတယ်။ ကျွန်တော်က နံပါတ် ၂ လို့ပြောလိုက်တယ်။  အဲဒီတော့ကျွန်တော် နံပါတ် ၂ လုပ်တဲ့အခါ ကျွန်တော်က စီးကရက်တစ်လိပ်ဒါမှမဟုတ် အနံ့အသက်ကောင်းမွန်စေမယ့်အရာတစ်ခုကို ပုံမှန်သောက်လေ့ရှိတယ်။ ပြီးတော့သူတို့ကပြောတယ် ‘ခင်ဗျားသိလား ခင်ဗျားလက်သုတ်ပ၀ါအပိုင်းအစလေးကို ရှို့လို့ရတယ်’ တဲ့။ ဒီတော့ ကျွန်တော်က ‘ကျွန်တော်လုပ်မယ်’ လို့ပြောလိုက်တယ်။ ပြီးတော့ အဲဒီ့လက်သုတ်ပ၀ါက အဲဒါ (ဆေးခြောက်) ပါ’ လို့ပြောပါတယ်။

Ref:starpulse.com

0 comments:

Post a Comment