ယမန်နေ့က ဆာဟာရကန္တာရပေါ်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ အယ်ဂျီးရီးယား လေကြောင်းလိုင်းက ခရီးစဉ်အမှတ် AH 5017 ဟာ မာလီနိုင်ငံထဲမှာ ပျက်ကျသွားခဲ့တာလို့ ဘာကီနာဖူဆိုနိုင်ငံက စစ်တပ်နဲ့ ပြင်သစ်အစိုးရတို့က အတည်ပြုပေးခဲ့ပါတယ်။
ဒီလေယာဉ်ပေါ်မှာ ပြင်သစ် ၅၁ ဦး၊ ဘာကီနာ ၂၄ ဦး၊ လက်ဘနွန် ၈ ဦး၊ အယ်ဂျီးရီးယား ၆ ဦး၊ စပိန် ၆ ဦး၊ ကနေဒါ ၅ ဦး၊ ဂျာမန် ၄ ဦးနဲ့ လူဇင်ဘတ် ၂ ဦးတို့ ပါဝင်သွားခဲ့ပါတယ်။
လေယာဉ်ခရီးစဉ်ကို မှတ်တမ်းတင်ထားတဲ့ Black Box ကိစ္စကိုတော့ လေကြောင်းလိုင်းရော၊ အစိုးရရောတို့က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ BBC သတင်းဌာနကတော့ ဒီပျက်ကျလေယာဉ်ဟာ ဟောင်းနေပြီလို့တော့ သတင်းဖော်ပြထားသွားခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၁၁၆ ဦးပါဝင်သွားပြီးတော့ သူတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ တစ်သားတည်း ဝမ်းနည်းခံစားမိတယ်လို့ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒဲလ်က ပြောကြားခဲ့ပါတယ်။
ခုတလော လေယာဉ်ပျက်ကျတဲ့ သတင်းတွေက မကြာခဏ မီဒီယာတွေပေါ် တက်လာခဲ့ပြီး အယ်ဂျီးရီးယား လေယာဉ်နဲ့ တစ်ရက်တည်းမှာပဲ ထိုင်ဝမ် ပြည်တွင်း လေကြောင်းခရီးစဉ်တစ်ခု ပျက်ကျခဲ့ပြီး လူ ၄၈ ဦး အနိစ္စရောက်ခဲ့ပါသေးတယ်။
The voice Weekly

0 comments:
Post a Comment