ကိုရီးယား ကေပေါ့ပ်ဟာ အနောက်ကမ္ဘာ့ကိုလည်း ခြေဆန့်လာပြီလို့ ဧရာဝတီက ဖော်ပြခဲ့ဖူးပါတယ်။ နာမည်ကြီး Sister - Touch My Body ဆိုတဲ့ ကိုရီးယား ကေပေါ့ပ် သီချင်းနဲ့ အက ကို ယူကျုမှ ဇူလိုင်လ ၂ဝ ရက်နေ့က တင်ခဲ့တာမှာ တပတ်အတွင်း စံချိန်သစ်တင်ကာ ကြည့်ရှုကြိမ်ရေပေါင်း ၅ သန်း နီးပါး ထိ ရှိလာပါတယ်။ ဒါဟာ စံချိန်သစ်တင်တာပါဘဲ။
မြန်မာနိုင်ငံမှာလည်း ကိုရီးယား ယဉ်ကျေးမှုက အတော်ပဲ လွှမ်းမိုးနေပြီး အရွယ်မရွေးကိုရီးယား လှိုင်းအောက် မှာ ရှိနေကြပြီလို့ ပြောရပါလိမ့်မယ်။
ကိုရီးယား ဇာတ်လမ်းတွဲတွေ၊ ကိုရီးယား ကေပေါ့ပ်တွေနဲ့ ကိုရီးယား အစားအစာဆိုင်တွေက မြန်မာနိုင်ငံ မှာ နေရာအနှံ့ ဖြန့်ကျက်နေရာယူ လာနေပါတယ်။
အခုလို ကိုရီးယားလှိုင်းကို မြန်မာပရိသတ်တွေ စွဲမက်စေတာဟာ ကိုရီးယား မင်းသား၊ မင်းသမီးတွေရဲ့
ချောမော လှပ ပြေပြစ်မှုကြောင့်လား၊ သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှု အနုပညာဖန်တီးမှု ကြောင့်လားဆိုတာ ဧရာဝတီ ပရိသတ်တွေက ဝေဖန် အကြံပြု ဆွေးနွေးနိုင်ပါတယ်။
The Irrawaddy's Blog

0 comments:
Post a Comment