Saturday, March 1, 2014

ဟိုတယ်အခန်းများကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်မှာယူမှု မြင့်တက်လာ

Photo: ဟိုတယ်အခန်းများကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်မှာယူမှု မြင့်တက်လာ
Saturday, March 1, 2014

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ဟိုတယ် အခန်းများကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်မှာယူမှုနှုန်း မြင့်တက်လာကြောင်း အွန်လိုင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။ ထိုသို့ အွန်လိုင်းမှတစ်ဆင့် မှာယူမှုတွင် ဂျာမနီနိုင်ငံမှ အများဆုံးဖြစ်ပြီး အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန် စသောနိုင်ငံများမှလည်း ကြိုတင်မှာယူမှုများ ရှိကြောင်း သိရသည်။ အိုးဝေအွန်လိုင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် အွန်လိုင်းမှ ဟိုတယ်အခန်းများကို ကြိုတင်မှာယူ ပေးရာတွင် CB Bank ဖြင့် ချိတ်ဆက်၍ ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။

''ခရီးသွားရာသီ ဆိုရင် တစ်ရက်ကို အယောက် လေးဆယ်လောက် အွန်လိုင်းက မှာကြပါတယ်။ ကျန်တဲ့ ရာသီဆို တစ်ပတ်ကို အယောက် ၂ဝ ကျော်လောက် မှာတာရှိတယ်။ အများစုကတော့ ဒီကို လေကြောင်းနဲ့ လာကြတယ်။ အခုဆို ဒီနှစ် ဒီဇင်ဘာအထိ ဟိုတယ်အခန်း ကြိုတင်မှာယူ ထားတာတွေ ရှိပါတယ်။ သူတို့ ကြိုတင် မှာထားတာကို ကျွန်တော်တို့ အနေနဲ့ ဟိုတယ်ကို ကိုယ်တိုင်သွားပြီး ချိတ်ဆက် ဆောင်ရွက်ပေးရ တာပါ'' ဟု ၎င်းက ပြောပြခဲ့သည်။

အွန်လိုင်းမှ တစ်ဆင့် ဟိုတယ်အခန်းများ မှာယူမှုတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ တောင်ကြီး၊ မြိတ်၊ ပြည်၊ အင်းလေး၊ ချောင်းသာနှင့် ငွေဆောင် အပါအဝင် မြန်မာနိုင်ငံ အနှံ့ရှိ ဟိုတယ် အခန်းများကို ကြိုတင် မှာယူနိုင်ကြောင်း သိရသည်။ ငွေပေးချေမှု အပိုင်းတွင်လည်း Visa, Master Card များဖြင့်ပါ ပေးချေနိုင်ကြောင်း သိရသည်။

''အရင်နှစ်တွေကထက် အွန်လိုင်းက မှာတဲ့သူက ပိုများလာတယ်။ ဖုန်းနဲ့ချိတ်ပြီး လာတဲ့သူတောင် အတော်လေးကို နည်းသွားပါပြီ။ အွန်လိုင်းကဆိုတော့ သူတို့အတွက်လည်း အထောက်အထား တစ်ခုရှိတော့ ပိုစိတ်ချရတယ်။ ဒါကို သူတို့က လိုချင်ကြတာပါ။ လက်ရှိ အလုပ်ဖြစ်နေတာက အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်းတွေပါ။ နိုင်ငံခြားသားတွေ လစဉ် အခန်းကြိုတင်မှာယူတာ မရှိဘူး ဆိုတဲ့လ မရှိသေးပါဘူး'' ဟု Myanmar Largest Online Travel Agency မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဇာညီသစ္စာ
မြ၀တီ
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ဟိုတယ် အခန်းများကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်မှာယူမှုနှုန်း မြင့်တက်လာကြောင်း အွန်လိုင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ထိုသို့ အွန်လိုင်းမှတစ်ဆင့် မှာယူမှုတွင် ဂျာမနီနိုင်ငံမှ အများဆုံးဖြစ်ပြီး အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန် စသောနိုင်ငံများမှလည်း ကြိုတင်မှာယူမှုများ ရှိကြောင်း သိရသည်။ အိုးဝေအွန်လိုင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် အွန်လိုင်းမှ ဟိုတယ်အခန်းများကို ကြိုတင်မှာယူ ပေးရာတွင် CB Bank ဖြင့် ချိတ်ဆက်၍ ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။

''ခရီးသွားရာသီ ဆိုရင် တစ်ရက်ကို အယောက် လေးဆယ်လောက် အွန်လိုင်းက မှာကြပါတယ်။ ကျန်တဲ့ ရာသီဆို တစ်ပတ်ကို အယောက် ၂ဝ ကျော်လောက် မှာတာရှိတယ်။ အများစုကတော့ ဒီကို လေကြောင်းနဲ့ လာကြတယ်။ အခုဆို ဒီနှစ် ဒီဇင်ဘာအထိ ဟိုတယ်အခန်း ကြိုတင်မှာယူ ထားတာတွေ ရှိပါတယ်။ သူတို့ ကြိုတင် မှာထားတာကို ကျွန်တော်တို့ အနေနဲ့ ဟိုတယ်ကို ကိုယ်တိုင်သွားပြီး ချိတ်ဆက် ဆောင်ရွက်ပေးရ တာပါ'' ဟု ၎င်းက ပြောပြခဲ့သည်။

အွန်လိုင်းမှ တစ်ဆင့် ဟိုတယ်အခန်းများ မှာယူမှုတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ တောင်ကြီး၊ မြိတ်၊ ပြည်၊ အင်းလေး၊ ချောင်းသာနှင့် ငွေဆောင် အပါအဝင် မြန်မာနိုင်ငံ အနှံ့ရှိ ဟိုတယ် အခန်းများကို ကြိုတင် မှာယူနိုင်ကြောင်း သိရသည်။ ငွေပေးချေမှု အပိုင်းတွင်လည်း Visa, Master Card များဖြင့်ပါ ပေးချေနိုင်ကြောင်း သိရသည်။

''အရင်နှစ်တွေကထက် အွန်လိုင်းက မှာတဲ့သူက ပိုများလာတယ်။ ဖုန်းနဲ့ချိတ်ပြီး လာတဲ့သူတောင် အတော်လေးကို နည်းသွားပါပြီ။ အွန်လိုင်းကဆိုတော့ သူတို့အတွက်လည်း အထောက်အထား တစ်ခုရှိတော့ ပိုစိတ်ချရတယ်။ ဒါကို သူတို့က လိုချင်ကြတာပါ။ လက်ရှိ အလုပ်ဖြစ်နေတာက အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်းတွေပါ။ နိုင်ငံခြားသားတွေ လစဉ် အခန်းကြိုတင်မှာယူတာ မရှိဘူး ဆိုတဲ့လ မရှိသေးပါဘူး'' ဟု Myanmar Largest Online Travel Agency မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဇာညီသစ္စာ
မြ၀တီ

0 comments:

Post a Comment